Pages

Tuesday, December 1, 2015

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မန္တလေးတိုင်းဒေသကြီး က ဟိုတယ် မိုတယ် တည်းခိုခန်း အများဆုံးတည်ရှိ



မန္တလေး ၊ ၁-၁၂-၂၀၁၅

မြန်မာနိုင်ငံ တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး တွင် မန္တလေးတိုင်း ဒေသကြီးက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ အများဆုံး တည်ရှိ နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ လိုင်စင်ပေးပြီး တစ်နိုင်ငံ လုံးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ စာရင်းများ အရ သိရသည်။

ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များ တည်းခို နားနေရန် အတွက် ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာပြီး တိုင်းဒေသ ကြီး နှင့် ပြည်နယ်အလိုက် တည်ဆောက် လာကြသည်။ ယခုနှစ် အောက်တိုဘာ လထိ လိုင်စင်ပေးပြီး တစ်နိုင်ငံလုံးရှိ ဟိုတယ်၊ မိုတယ် ၊ တည်းခိုရိပ်သာ စာရင်းများ အရ မန္တလေးတိုင်း ဒေသကြီးသည် အများဆုံးနှင့် ရန်ကုန်တိုင်း ဒေသကြီး သည် ဒုတိယ အများဆုံး ၊ ရှမ်းပြည်နယ် သည် တတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဟိုတယ် ၊ မိုတယ် ၊ တည်းခိုရိပ်သာ တည်ရှိမှုမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၁၇ လုံး (အခန်း ၁၅၁ဝဝ)၊ မန္တလေးတိုင်း ဒေသကြီး တွင် ၃၇၅ လုံး(၁၅၈၇၇ ခန်း)၊ ပဲခူးတိုင်း ဒေသကြီးတွင် ၄၇ လုံး (၁၁၅၅ ခန်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်၂၁ လုံး (၇၁၃ ခန်း) ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂၄ လုံး (၁၂ဝ၆ ခန်း)၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၅၇ လုံး (၂၂၅၄ ခန်း)၊ မကွေးတိုင်း ဒေသကြီးတွင် ၂၆ လုံး (၅၉၃ ခန်း) ၊ ကချင်ပြည်နယ် တွင် ၂၆ လုံး (၇၃၃ ခန်း) ၊ ကယားပြည်နယ် တွင် ကိုးလုံး (၂ဝ၁ ခန်း)၊ ကရင်ပြည်နယ် တွင် ၁၄ လုံး (၄၃၇ ခန်း)၊ ချင်းပြည်နယ် တွင် တစ်လုံး (၂၇ ခန်း) ၊ မွန်ပြည်နယ် တွင် အလုံး ၄ဝ (၁၄၁၃ ခန်း)၊ ရခိုင်ပြည်နယ် တွင် ၄၃လုံး (၁၃၁၇ ခန်း) ၊ ရှမ်းပြည်နယ် တွင် ၂၄၁ လုံး (၇၇၁၁ ခန်း) ဖြစ်ကြောင်း သိရသည်။

အမျိုးအစား အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၇ လုံး (၄ဝ၈၈ ခန်း)၊ ပြည်ပနှင့်ဖက်စပ် ဟိုတယ် ငါးလုံး (၄၇၉ ခန်း)၊ ဌာနပိုင် ငှားရမ်းဟိုတယ် ၂၁လုံး (၉၆၈ ခန်း) နှင့် ပြည်တွင်းဟိုတယ် ၁၁၈၈ လုံး (၄၃၂ဝ၂ ခန်း) ဖြစ်ပြီး စုစုပေါင်း ၁၂၄၁ လုံး (၄၈၇၃၇ ခန်း) ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ပေါ်တွင် ၂ဝ၁၁ ခုနှစ်က ဟိုတယ် အလုံးရေ ၇၆ လုံးရှိရာမှ ယခုနှစ် စက်တင်ဘာလ ထိ ဟိုတယ်ပေါင်း ၁၆၄ လုံးထိ တိုးတက် လာကြောင်း၊ ၂ဝ၁၇နှင့် ၂ဝ၁၈ ခုနှစ်တို့တွင် ဟိုတယ်ပေါင်း ၂ဝဝ၊ အခန်းပေါင်း ၁ဝဝဝဝ ကျော်ထိ တိုးတက်များပြား လာနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment