Pages

Sunday, December 20, 2015

ပုဂံဒေသခရီးသွားလုပ်ငန်း သတင်းအချက်အလက် ၀က်ဘ်ဆိုက် ထုတ်လွှင့်မည်


www.wonderbagan.com

ရန်ကုန် ၊ ၂၀-၁၂-၂၀၁၅

ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ရှေ့ပြေး စီမံချက်၏ လုပ်ငန်းစဉ်ပါ အစီအစဉ်အရ ပုဂံဒေသ ခရီးသွားလုပ်ငန်း သတင်း အချက်အလက် ဝက်ဘ်ဆိုက် တစ်ခု ထူထောင် လုပ်ကိုင်သွားမည် ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်ကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်မည် ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် ဂျပန် ဘာသာဖြင့် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ၄ဝ ကျော်ရှိကာ တချို့သော ယဉ်ကျေးမှု အမွေအနှစ် နယ်မြေများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို လည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် ပုဂံဒေသ  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ရှေ့ပြေးစီမံချက် ၏ လုပ်ငန်းစဉ်ပါ အစီအစဉ်အရ ပုဂံဒေသ ခရီးသွား လုပ်ငန်း သတင်းအချက် အလက် ဝက်ဘက်ဆိုက် တစ်ခု ထူထောင်လုပ်ကိုင် ၍ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်လွှင့်မည် ဖြစ်ပြီး နှစ်လယ်တွင် ဂျပန် ဘာသာဖြင့် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝက်ဘ်ဆိုက်ကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ပုဂံဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ရှေ့ပြေး စီမံချက်၏ လုပ်ငန်းစဉ်ပါ အစီအစဉ် အရ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ပြီး စီမံကိန်း လုပ်ငန်းအဖွဲ့ (၁)၏ လုပ်ငန်းစဉ်တစ်ခု အဖြစ် လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

ဝက်ဘ်ဆိုက်ကို www.wonderbagan.com အမည်ဖြင့် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်္ဂလိပ် ဘာသာဖြင့် စတင် ထုတ်လွှင့် သွားမည်ဖြစ်ကာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ လလယ်ခန့်တွင် ဂျပန်ဘာသာ ဖြင့်လည်း ထည့်သွင်းဖော်ပြ ပေးသွားမည် ဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ပုဂံဒေသနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် လိုသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည် များအတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ စွာရှိသော ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိရာ နိုင်ငံတကာ မှလည်း ငွေကြေးနှင့် နည်းပညာ အကူအညီများ ပံ့ပိုးကူညီပေးလျက် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် UNESCO မှ ပံ့ပိုးကူညီပေး နေသည့်အပြင် ဂျပန်နိုင်ငံနှင့် အီတလီနိုင်ငံ တို့မှ အဆိုပါ ရှေးဟောင်း အမွေအနှစ် များကို ထိန်းသိမ်းရန်နှင့် ရေရှည် တည်တံ့ နေစေရန် Master Plan များ ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment