Pages

Thursday, December 24, 2015

ပြည်တွင်းခရီးသွား ၀န်ဆောင်မှုလုပ်ငန်း တချို့မှ အာဆီယံလေးနိုင်ငံကို မော်တော်ယာဉ်ဖြင့် ခရီးသွားလာမှု ပြုလုပ်နိုင်ရန် ၀န်ဆောင်မှုပေးမည်


ရန်ကုန် ၊ ၂၄-၁၂-၂၀၁၅

၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတချို့မှ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံ နိုင်ငံလေးနိုင်ငံ သို့ မော်တော်ယာဉ်ဖြင့် ခရီးသွားလာ နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

လက်ရှိတွင် ယင်း အစီအစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လေးခုရှိပြီး အဆိုပါခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ ၂ဝ၁၆ ခုနှစ် ဧပြီ လဆန်းပိုင်းမှ စ၍ မြန်မာ နိုင်ငံသားများ ကိုယ်ပိုင် မော်တော်ယာဉ်များ အသုံးပြုကာ ယင်းနိုင်ငံ လေးနိုင်ငံသို့ ခရီး သွားလာနိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံသား များအား ဝန်ဆောင်မှု ပေးရာတွင် ယင်းနိုင်ငံများကို သွားရောက် လည်ပတ်ခွင့် ဗီဇာရရှိရန် ယင်း နိုင်ငံများသို့ ရောက်ရှိလျှင် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်နိုင်ရန် စီစဉ်၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ယင်း ဝန်ဆောင်မှု အတွက် ဝန်ဆောင်ခ နှုန်းထားများကို မကြာမီ ထုတ်ပြန်ကြေညာ မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment