Pages

Sunday, December 6, 2015

ရောဂါပိုးဝင်သော သားပျက်သားလျှောခြင်းကြောင့် မိခင်သေဆုံးမှု တတိယမြောက် အများဆုံးဖြစ်


ရန်ကုန် ၊ ၆-၁၂-၂၀၁၅

ရောဂါပိုး ဝင်ရောက်သည့် သားပျက်သားလျှော ဖြစ်စဉ်များကြောင့် မိခင်သေဆုံးမှု အခြေအနေသည် တတိယမြောက် အများဆုံးသော အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း သားဖွားမီးယပ် ပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မြသီတာ က ပြောသည်။

မိခင်သေဆုံး ရသည့် အကြောင်းရင်း များကို သုတေသန ပြုချက်အရ မွေးပြီး သွေးသွန်ခြင်းမှာ ၃၃ ရာခိုင်နှုန်း၊ ကိုယ်ဝန်အဆိပ် တက်ခြင်းမှာ ၂ဝ ရာခိုင်နှုန်း၊ သားပျက်သားလျှော ခြင်းမှာ ၁ဝ ရာခိုင်နှုန်း၊ ကိုယ်ဝန်ကြောင့် ၈ ရာခိုင်နှုန်း၊ မွေးလမ်းကြောင်း ပိုးဝင်ခြင်းမှာ ၇ ရာခိုင်နှုန်း၊ ညှပ်ရိုးကျဉ်း သောကြောင့် မမွေးနိုင်ခြင်းမှာ ၆ ရာခိုင်နှုန်း၊ မမွေးမီ သွေးသွန်ခြင်း ကြောင့် ၄ ရာခိုင်နှုန်း၊ ခါးရိုးထုံ ဆေးထိုးပြီး ရှော့ခ်ရခြင်း ကြောင့် ၁ ရာခိုင်နှုန်း နှင့် တခြားရောဂါ များကြောင့် ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

မျိုးဆက်ပွား ကျန်းမာရေးသည် မျိုးဆက်ပွား အင်္ဂါများ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ မျိုးဆက်ပွားမှုတွင် ရောဂါရှိ၊ မရှိ၊ မျိုးဆက်ပွားမှုနှင့် ပတ်သက်သော အကြောင်းအရာ များကို ခေါ်ဆိုခြင်းဖြစ်ပြီး သားသမီး မွေးဖွားမှုနှင့် ပတ်သက်၍ မိမိနှစ်သက်ရာ ကာလခြား၍ ဆုံးဖြတ် မွေးဖွားပေးခြင်း လည်းဖြစ်သည်။

နှစ်စဉ် အမျိုးသမီး ဦးရေ သန်း ၂ဝ ကျော်သည် အန္တရာယ်ရှိသော ကိုယ်ဝန် ဖျက်ချမှု များကို ပြုလုပ်လေ့ရှိပြီး ရောဂါပိုး ဝင်သော သားပျက်သားလျှော ခြင်းကိစ္စသည် ယင်းဖြစ် စဉ်ကြောင့် ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း၊ ပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေပြီး မိခင်သေဆုံးမှု များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment