Pages

Sunday, December 20, 2015

လောက်ကိုင်မြို့ရှိ လောင်ချွန် ရေအားလျှပ်စစ် စက်ရုံအနီး မိုင်းထည့်ထားသည့် အိတ်တစ်လုံးတွေ့ရ



နေပြည်တော် ၊ ၂ဝ-၁၂-၂ဝ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ လောင်ချွန် ရေအားလျှပ်စစ် စက်ရုံအနီးတွင် ဆာလာအိတ် အပြာရောင်ဖြင့် ထုပ်ပိုးထားသော မသင်္ကာဖွယ် အထုပ် တစ်ထုပ်အား တွေ့ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သတင်းပေး ချက်အရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက ၄င်းနေရာသို့ သွားရောက် ရှင်းလင်းခဲ့ရာ ဆာလာအိတ် အပြာရောင်နှင့် ထုပ်ပိုးထားသော TNT ယမ်း ၆ ကီလိုကရမ် ခန့်ပါ မီးရှို့စနက်တံ တပ်ထားသည့် ဒေသန္တရလုပ် မိုင်းတစ်လုံးနှင့် TNT ယမ်း ၆ ကီလိုဂရမ် ခန့်ပါ ယမ်းထုပ် တစ်ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment