Pages

Monday, November 9, 2015

ကြောင်ချစ်သူများ သတိပြုဖွယ် Toxoplasmosis ကပ်ပါးပိုးအန္တရာယ်


မန္တလေး ၊ ၉-၁၁-၂၀၁၅

Toxoplasmosis ခေါ် ကပ်ပါးပိုးသည် ကြောင်၏ အူလမ်းကြောင်းတွင် အဓိက နေထိုင်ပြီး သတ္တဝါ မျိုးစုံကို ကြားလက်ခံကောင် အဖြစ် အသုံးပြု၍ Tissue Cyst အဆင့် အသားကျိတ်များ ဖြစ်ပေါ်ကာ အသားကျိတ်များ ပါရှိသည့် အမဲ၊ ဝက်၊ ကြက်သား တို့ကို ကျက်အောင် ချက်မစားခြင်း၊ အစိမ်းစားခြင်း၊ မကျက်တကျက် ကင်စားခြင်း၊ အသားကျိတ် ပါသော အသားကို ကိုင်တွယ်ရာမှ လက်မဆေးမိ သဖြင့် မတော်တဆ ပါးစပ်သို့ ရောက်ခြင်း ၊ မီးဖိုချောင်သုံး စဉ်းတီတုံး၊ ဓား၊ ကတ်ကြေးတို့နှင့် အခြားအစာ တို့မှ တစ်ဆင့်လူကို ကူးစက်စေသဖြင့် ကြောင်ချစ်တတ် သူများ Toxoplasmosis ကပ်ပါးပိုး အန္တရာယ် ရှိကြောင်း Centers for Disease Control and Prevention, USA စာစောင်အရ သိရသည်။

ယနေ့ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည် နှင့်အမျှ အိမ်မွေးတိရစ္ဆာန် မွေးမြူသူ များလည်း တစ်နေ့တခြား တိုးတက် လာသည်ကို တွေ့ရသည်။ နိုင်ငံတကာ တွင်လည်း ခွေး၊ ကြောင်နှင့် အခြားအိမ်မွေး တိရစ္ဆာန်
များမွေးမြူ ခြင်းဖြင့် စိတ်အပန်းဖြေ ရန်၊ စိတ်တင်းကျပ် မှုများ ပြေပျောက်စေရန်၊ အဖော်ပြုရန် စသည့် ရည်ရွယ်ချက် မျိုးစုံဖြင့် မွေးမြူလာ ကြသည်ကို တွေ့ရသည်။ ကြောင် အလွန်ချစ် တတ်သူ အချို့သည် ကြောင်နှင့် တရင်းတနှီး နေထိုင်ကာ ပွေ့ဖက် နမ်းရှုပ်ခြင်း၊ အတူ အိပ်စက်ခြင်းများ ပြုလုပ်လေ့ ရှိသည်။

ထိုကဲ့သို့ ကြောင်ချစ်တတ်သော သူများသည် တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းနေစဉ် (သို့မဟုတ်) ကိုယ်ခံအား နည်းနေစဉ် တွင် ကြောင်၏ အညစ်အကြေး များကို စနစ်တကျ မစွန့်ပစ်မိ ပါက ကြောင်မှ တစ်ဆင့် Toxoplasmosis ခေါ်သည့် ကပ်ပါးပိုး ကူးစက် စေနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာ န် ဆေးကု ဆရာဝန် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၆)

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment