Pages

Tuesday, November 17, 2015

စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတုဒဏ် ခံနိုင်သည့် Dancing Lady သစ်ခွ စိုက်ပျိုးသူများပြား




ရန်ကုန် ၊ ၁၇-၁၁-၂၀၁၅

သစ်ခွပန်းများ ထဲတွင် စိုက်ပျိုးရ လွယ်ကူ၍ ရာသီဥတုဒဏ် ခံနိုင်သည့် Dancing Lady သစ်ခွပန်းသည် လူကြိုက်များပြီး စိုက်ပျိုးသူ များပြားလျက် ရှိကြောင်း သစ်ခွစိုက်ပျိုးသူ များထံမှ သိရသည်။

အဆိုပါ Dancing Lady သစ်ခွပန်း သည် အပွင့် အရွယ်အစား သေးသော်လည်း လှပသော အရောင်အသွေးနှင့် အမျိုးသမီး တစ်ဦး ဂါဝန်ဖြန့်ပြီး ကနေသည့် ပုံစံနှင့် တူနေသဖြင့် Dancing Lady ဟု အမည်ပေး ထားခြင်းဖြစ်ကာ အပင်စိုက်ရ လွယ်ကူ၍ ရာသီဥတုဒဏ် ခံနိုင်သည့် သစ်ခွမျိုး ဖြစ်ကြောင်း သိရသည်။

'' Dancing Lady သစ်ခွပင်မှာ မြေပေါ်ကို ထိုးထွက်နေတဲ့ ဥရှိတယ်။ ပန်းပွင့် ပွင့်မယ့် အတက် (Spike) ကတော့ ဥရဲ့ဘေးမှာ ရှိတယ်။ အရွက်နှစ်ဖက် ကြားကနေ ထွက်လေ့ ရှိတယ်။ ပန်းပွင့် အတက်က တစ်တက်ကို အပွင့်ရေ ၂ဝ ထက်မနည်း ပွင့်တတ်ပြီး တစ်ခါတစ်ရံ တစ်ခိုင်တည်း မှာပဲ အပွင့်ရေ ၉ဝ ကနေ ၁ဝဝ အထိ ပွင့်တာကိုလည်း တွေ့ရပါတယ်'' ဟု သစ်ခွပန်း စိုက်ပျိုးသူ တစ်ဦးက ပြောသည်။

၎င်း Dancing Lady သစ်ခွပန်းတွင် အဝါရောင် နှင့် ချောကလက်ဖျော့ ရောင်များကို ပိုမိုလူကြိုက်များ လျက်ရှိကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment