Pages

Monday, November 16, 2015

Communicast Myanmar 2015 အိုင်စီတီပြပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပါဝင်ပြသမည်



ရန်ကုန် ၊ ၁၆-၁၁-၂၀၁၅

မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park ၌ ကျင်းပမည့် Communicast Myanmar ၂ဝ၁၅ အိုင်စီတီ ပြပွဲတွင် ပါဝင်ပြသ မည်ဟု သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

MPT မှ စီးပွားရေးလုပ်ငန်း ဖောက်သည် များအား D1 ရှိ MPT ပြခန်းသို့ လာရောက် လေ့လာရန် ဖိတ်ခေါ်ထားပြီး အရောင်းပြခန်း တွင် MPT ၏ ကျွမ်းကျင် ပညာရှင်များမှ MPT ၏ ဝန်ဆောင်မှု အသစ်ဖြစ်သော စီးပွားရေး လုပ်ငန်းသုံး ဆိုင်ရာ အချက်အလက် ကွန်ရက် ဝန်ဆောင်မှု များနှင့် မိုဘိုင်းလ် ဝန်ဆောင်မှုများ အကြောင်းကို ရှင်းလင်း တင်ပြချက် များနှင့်အတူ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု များပါ ပြုလုပ်ပေးမည် ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်အတွင်း နှစ်ပေါင်း ၆ဝ ကျော် လုပ်ငန်း အတွေ့အကြုံမှ သိရှိခဲ့ရသည့် အကြောင်းအရာ များကို ပြန်လည်မျှဝေ ပေးမည် ဖြစ်ကြောင်း သိရသည်။

Communicast Myanmar ကို ၂ဝ၁၄ ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ပြီး ကုမ္ပဏီပေါင်း ၉ဝ နှင့် ပညာရှင်ပေါင်း ၂ဝ၈၆ ဦးကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။ (မိုးအောင်)

မြ၀တီနေ့စဉ် ၊ စာ(၆)



No comments:

Post a Comment