Pages

Monday, November 16, 2015

မြန်မာနိုင်ငံမြောက်ပိုင်း သဘာဝနယ်မြေလေးခုတွင် စီမံအုပ်ချုပ်မှုရေရှည် မြှင့်တင်ခြင်းကို ငါးနှစ်စီမံကိန်းဖြင့် လုပ်ဆောင်မည်



ရန်ကုန် ၊ ၁၆-၁၁-၂၀၁၅

ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာ(GEF) ၏ ပံ့ပိုးမှုဖြင့် သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သဘာဝ နယ်မြေများ စီမံအုပ်ချုပ်မှု ဖွံ့ဖြိုးတိုးတက် လာစေရန် မြန်မာနိုင်ငံ မြောက်ပိုင်း သဘာဝနယ်မြေ လေးခုတွင် စီမံအုပ်ချုပ်မှု ရေရှည် မြှင့်တင်ခြင်းကို ငါးနှစ် စီမံကိန်းဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို မြန်မာနိုင်ငံ မြောက်ပိုင်း သဘာဝ နယ်မြေများ ဖြစ်သော ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် (ပုံ) ဖုန်ကန်ရာဇီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော များ၌ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်မှစတင် လုပ်ဆောင်မည် ဖြစ်ကာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်း ပြီးဆုံးမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ဒေသတွင်း ခြိမ်းခြောက်မှု အန္တရာယ်များ လျှော့ချခြင်း၊ သစ်တော ဖုံးလွှမ်းမှုများ ရေရှည်တည်တံ့ စေလျက် တရားမဝင် ကျူးကျော် ဝင်ရောက်မှုများ လျော့ပါး စေခြင်းဖြင့် အဆိုပါ ဒေသများ၏ သဘာဝ အခြေအနေများ ပိုမိုရှင်သန် ကောင်းမွန်လာ စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု ရေရှည် မြှင့်တင်ခြင်း စီမံကိန်းတွင် သဘာဝ နယ်မြေများ၌ ပြင်ပ ဖိအားများနှင့် ဖျက်ဆီးမှုများ လျော့နည်းပပျောက် စေရေးအတွက် ကင်းလှည့် စစ်ဆေးရန်နှင့် တရားဥပဒေ အကျိုး
သက်ရောက်မှု ရှိစေရေး မြှင့်တင် ဆောင်ရွက်ခြင်း၊ ဒေသခံလူထု ပူးပေါင်း ပါဝင်မှု မြှင့်တင်ခြင်းနှင့် ဖမ်းဆီး ထိန်းချုပ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment