Pages

Wednesday, November 18, 2015

ကျန်းမာရေးကို အထောက်အကူပြုရန် နေကြာဆီ စားသုံးမှု ပိုမိုတွင်ကျယ်လာ



ရန်ကုန် ၊ ၁၈-၁၁-၂၀၁၅

ပြည်တွင်းရှိ အစားအစာ စားသောက်မှု စနစ်များတွင် ကျန်းမာရေးကို အထောက်အကူ ပြုရန် နေကြာဆီ စားသုံးမှုမှာ တွင်ကျယ် လာကြောင်း ဆီလက်ကား အရောင်းဆိုင် များမှ သိရသည်။

နေကြာဆီကို ပြည်တွင်း၌ ထုတ်လုပ်မှုများ ရှိသကဲ့သို့ ပြည်ပမှ တင်သွင်းသည့် အသင့်ထုပ်ပိုး ထားသောဘူး များဖြင့် ရောင်းချမှု ရှိလာပြီး ၂၅ ကျပ်သား ပလတ်စတစ်ဘူး အရွယ်မှ ငါးပိဿာအထိ ရှိသော ဆီဘူးများကို သုံးစွဲ လာကြခြင်း ဖြစ်သည်။

''နေကြာဆီကို အသုံးများ လာရတဲ့ အကြောင်းအရင်း က နေကြာဆီက မပြည့်ဝဆီလည်း ဖြစ်တော့ ကိုလက်စထရော ကို လျော့ကျစေတယ်။ ကျန်းမာရေးကို အထောက်အကူ ပြုစေတယ်။ ဒါကြောင့် အသုံးများ လာတာ ဖြစ်ပါတယ်။ ပဲဆီကို အသုံးများခဲ့ ပေမယ့် အရင်က ဆိုရင် ပဲဆီကို ရိုးရိုးသားသား ပဲ ထုတ်လုပ် ကြတာ။ နောက်ပိုင်းမှာ လုပ်ငန်းရှင် တချို့က အရောအနှော တွေ လုပ်ဆောင် လာတာကြောင့် နေကြာဆီကို သုံးစွဲ လာရတာ ဖြစ်ပါတယ်'' ဟု အထွေထွေ ရောဂါကု ဆရာဝန်ကြီး ဒေါက်တာ မြင့်သိန်း က ပြောသည်။ နေကြာဆီ သုံးစွဲမှုမှာ နေအိမ်မိသားစု အလိုက် သုံးစွဲမှုများ သာမက အစားအစာ ရောင်းချသော ဆိုင်များ၌ လည်း သုံးစွဲလာသည်။

''ပဲဆီနဲ့ ဈေးယှဉ်ရင် ဈေးနှုန်းသိပ် မကွာဘူး။ ကိုယ့်ဆိုင်မှာ လာစားတဲ့ စားသုံးသူတွေ အတွက် ရည်ရွယ်ပြီး နေကြာဆီနဲ့ပဲ ချက်ပြုတ် ရောင်းချပေးတာ ဖြစ်ပါတယ်။ ကိုယ့် စားသုံးသူတွေ ကျန်းမာရေး မထိခိုက်အောင် 

ပြောင်းလဲသုံးစွဲ လုပ်ဆောင်ရတာ ဖြစ်ပါတယ်''ဟု စားဖွယ်စုံ အရောင်းဆိုင် ပိုင်ရှင် ဦးညီညီအောင် က ပြောသည်။

နေကြာဆီသည် ကြော်လှော် ရာတွင်လည်း အရောင် မည်းသွားခြင်း မရှိသည့် အပြင် ရေခဲသေတ္တာ အတွင်း ထည့်ထားပါ ကလည်း ခဲသွားခြင်း မရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment