Pages

Wednesday, November 18, 2015

သုတေသနလုပ်ငန်းများ မပြုလုပ်နိုင်သောကြောင့် ရေနေသတ္တ၀ါမျိုးစိတ်ဆိုင်ရာ မှတ်တမ်းများနှင့် အချက်အလက်များ အားနည်းဆဲဖြစ်


မန္တလေး ၊ ၁၈-၁၁-၂၀၁၅

မြန်မာနိုင်ငံတွင် တည်ရှိနေ ကြသည့် သယံဇာတများကို စူးစမ်း လေ့လာမှုများ၊ သုတေသန လုပ်ငန်းများ မပြုလုပ်နိုင် သောကြောင့် ရေနေသတ္တဝါ မျိုးစိတ်ဆိုင်ရာ မှတ်တမ်းများနှင့် အချက်အလက်များ အားနည်းဆဲ ဖြစ်ကြောင်း သစ်တောဦးစီး ဌာနသတင်းများ အရ သိရသည်။

မြန်မာ့ ပင်လယ်ပြင်တွင် စူးစမ်းလေ့လာ ခဲ့သည့် သုတေသန ခရီးစဉ်များတွင် ငါးသယံဇာတ မျိုးစိတ်သစ်များကို ရှာဖွေတွေ့ရှိ ခဲ့သောကြောင့် တရားဝင် အစီရင်ခံစာများ ထုတ်ပြန်ပြီးသော အခါတွင် မျိုးစိတ်သစ်များပြောင်းလဲဖြစ်ပေါ် လာမည်ဖြစ်ကြောင်း လေ့လာသူများ ထံမှ သိရသည်။

မြန်မာ့ ပင်လယ်ပြင်ရှိ ရေနေ သတ္တဝါမျိုးစိတ် များသည် ရာသီဥတု ပြောင်းလဲခြင်း ကြောင့် လည်းကောင်း၊ လူသားများ၏ ပယောဂကြောင့် လည်းကောင်း ၊ ငါးများနေထိုင်ရာ ဒေသများ ဖြစ်သော ဒီရေတောများ၊ သန္တာ ကျောက်တန်းများ၊ ပင်လယ် မြက်ခင်းပြင်များ ထိခိုက်ပျက်စီးမှု ကြောင့်လည်းကောင်း ၊ သေကျေ ပျက်စီးသော မျိုးစိတ်များ ၊ မူလနေရာထက် ရာသီဥတု ပိုမို အေးချမ်းသော ဒေသများသို့ ပြောင်းရွှေ့သွား သောကြောင့် လည်းကောင်း ပြောင်းလဲမှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြစ်များ၊ ချောင်းများ၊ အင်းများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း လူသူ အရောက်အပေါက် မရှိသည့် ရေခဲများ ၊ အမြဲတည်ရှိသော တောင်တန်းဒေသ များရှိမြစ်များ၊ ချောင်းများတွင် နေထိုင်ကျက်စား ကြသည့် ငါးမျိုးစိတ်များ ၊ ရေနေသတ္တဝါ များသည် လူသားများနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် မျိုးသုဉ်း ပျောက်ကွယ်မှုများ ရှိကြောင်း သိရသည်။

မြန်မာ့ပင်လယ်မှ ငါးဖမ်းဆီးရမိ မှုနှုန်းသည် ၁၉၈ဝ ပြည့်နှစ်တွင် တစ်နာရီလျှင် ၂ဝဝ ကီလိုဂရမ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်နာရီလျှင် ၇၅-၈ဝ ကီလိုဂရမ်ခန့် သာရှိ၍ ငါးသယံဇာတများ လျော့နည်းလာပြီး ကျန်ရှိသော ရေနေသတ္တဝါများ ကိုလည်း မျိုးစိတ်များ မှတ်တမ်းတင် နိုင်ရေး သုတေသန လုပ်ငန်းများ အားနည်းဆဲ ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment