Pages

Wednesday, November 18, 2015

ပထမအကြိမ် မြန်မာ့ရုပ်စုံသဘင်ပညာ သင်တန်းဖွင့်လှစ်


မန္တလေး ၊ ၁၈-၁၁-၂၀၁၅

ဆွစ်ဇာလန်နိုင်ငံ ဆွစ် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ SDC ၏ ရန်ပုံငွေဖြင့် Myanmar Upper Land မှ အကောင် အထည်ဖော် ဆောင်ရွက်သော မြန်မာ့ရုပ်စုံ သဘင် ဖွံ့ဖြိုးတိုးတက်ရေး ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ပထမအကြိမ် မြန်မာ့ရုပ်စုံ သဘင်ပညာ သင်တန်းကို ယမန်နေ့  နံနက် ၉ နာရီက မန္တလေး ချမ်းမြသာစည် မြို့နယ် မင်္ဂလာမန္တလေး ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ပြည်တွင်း၊ ပြည်ပ ရုပ်သေး ပညာရှင်များ က နှစ်ပတ်ကြာ သင်တန်းပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား ၊ သင်တန်းသူ ၂၄ ဦး တတ်ရောက် ခဲ့သည်။ သင်တန်းတွင် မြန်မာ့ရုပ်စုံ သဘင်သမိုင်း၊ မြန်မာ့ရုပ်စုံ သဘင်သုံး အရုပ်များ၊ ရှေးခေတ် မြန်မာ့ရုပ်သေး ပညာ၊ ရုပ်သေးအက နှင့် တီထွင် ဆန်းသစ်မှု၊ မြန်မာ့ရုပ်သေး သဘင် ခင်းကျင်း ပြသပုံ ၊ နိုင်ငံတကာ ရုပ်စုံသဘင် ဆိုင်ရာ အကြောင်း၊ အရုပ် တည်ဆောက်ပုံ နှင့် ကြိုးတပ်ဆင်ပုံ များအကြောင်း၊ အခြေခံ ကြိုးဆွဲပညာ အကြောင်း၊ ရုပ်စုံသဘင်တွင် ပါဝင်သော ဘီလူး၊ ဇော်ဂျီ၊ မင်းသမီး၊ မင်းသားကပုံ ၊ ကနည်းစနစ် အကြောင်းနှင့် မြန်မာ့ရုပ်စုံ သဘင်သုံး ဆိုင်းပညာ အကြောင်းတို့ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ သင်ကြားပို့ချ သွားမည် ဖြစ်သည်။

''မြန်မာ့ရုပ်စုံ ပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပထမအကြိမ် သင်တန်းကို နှစ်ပတ်ကြာ စာတွေ့ ၊ လက်တွေ့ သင်ကြား ပေးသွားမှာပါ။ ဒုတိယအကြိမ် နှစ်ပတ်ကိုတော့ တစ်လခြားပြီး ဆက်လက် သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။ နှစ်ပတ်သင်တန်း နှစ်ကြိမ် တတ်ရောက်ပြီးတဲ့ သင်တန်းသူ၊ သင်တန်းသား တွေကို မတ်လကုန် ဒါမှမဟုတ် ဧပြီလ ဆန်းပိုင်းမှာ အမျိုးသား ဇာတ်ရုံမှာ နှစ်ရက်ကြာ ရုပ်သေး ပွဲတော်ကို ပြုလုပ် သွားနိုင်ဖို့ မျှော် လင့် ထားပါတယ်။ အဲဒီရုပ်သေး ပွဲတော်မှာ ပြည်တွင်း၊ပြည်ပ ရုပ်စုံပညာ ယဉ်ကျေးမှု ဖလှယ်ခြင်း သင်ကြားမှု တွေကို DVD ROM ထုတ်လုပ်ပြီး ပြသမှာဖြစ်လို့ စိတ်ပါဝင်စား သူတွေ ကြည့်ရှုရုံနဲ့ နားလည် သဘောပေါက်ဖို့  ရည်ရွယ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက သူတွေ ကြည့်ရှုနိုင်ဖို့ အင်တာနက် ပေါ်တင်သွားမှာ ဖြစ်ပါတယ်'' ဟု သင်တန်း စီမံချက် ညှိနှိုင်းရေးမှူး ဦးကျော်မျိုးကို က ဟြေပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment