Pages

Friday, November 6, 2015

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်အတွင်းရှိ ရေပြာအိုင်သည် ပြည်တွင်း ခရီးသွားလုပ်ငန်းများ အတွက် အရေးပါသည့် နေရာတစ်ခု ဖြစ်လာနိုင်



ပင်းတယ ၊ ၆-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် တောကျယ် ကျေးရွာရှိ ရေပြာအိုင်သည် ပြည်တွင်း ခရီးသွား လုပ်ငန်းများ အတွက် အရေးပါသည့် နေရာတစ်ခု ဖြစ်လာ နိုင်ကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်း သတင်းများ အရ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် တောကျယ် ကျေးရွာရှိ ရေပြာအိုင်၏ စိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်းအချက်မှာ ရေ၏ အရောင်အသွေး သည် အပြာရောင် ဖြစ်နေခြင်းနှင့် အဆိုပါ ရေပြာအိုင် အတွင်းတွင် နောင်ပွင့်မည့် မြတ်စွာဘုရား၏ မြသပိတ်တော် ရှိနေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။

အဆိုပါ ရေပြာအိုင် အတွင်းတွင် နောင်ပွင့်မည့် မြတ်စွာဘုရား၏ မြသပိတ် ရှိနေသောကြောင့် ထိုရေအိုင် (ပုံ)မှ ရေ၏ အရောင်အသွေး သည် အပြာရောင် ဖြစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်မှု ရှိနေကြသည်။ထို့ကြောင့် ယခင်နှစ် ပွင့်လင်းရာသီတွင် အဆိုပါ ရေပြာအိုင်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အများအပြား လာရောက် လည်ပတ် ခဲ့ကြသည်။ ယခုနှစ် တွင်လည်း အဆိုပါဒေသသို့ သွားရောက် လည်ပတ်ရန် ခရီးစဉ်များ ရှိနေကြောင်း သိရသည်။

အဆိုပါ ရေပြာအိုင်သည် ရွာငံ- အောင်ပန်း ကားလမ်းမှ ရေပြာအိုင်ထိ ပေပေါင်း ၆၁ဝဝ ကွာဝေး သော်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်ခင်းလမ်း အဖြစ် လာရောက်ပြုပြင် ပေးထားသဖြင့် ပေ၂၂ဝဝ သာ ကျောက်ခင်းလမ်း ရှိနေသည်။ ကျန်နေသည့် လမ်းပိုင်းမှာ မြသားလမ်းမ များပေါ်တွင် သဲကြမ်းများကိုသာ ခင်းထားသဖြင့် လာရောက် လည်ပတ် လေ့လာသူ ခရီးသွားများအတွက် သွားလာရေး အခက်အခဲ ရှိနေပြီး အထူးသဖြင့် မိုးတွင်းကာလများတွင် ပိုမိုအခက်အခဲ ကြုံတွေ့ကြ ရသည်ဟု သိရသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် လာမည့်နှစ်အတွင်း ရေပြာအိုင် သွားရာလမ်းရှိ တောကျယ် ကန်ပေါင်ရိုး တစ်လျှောက် ပေ ၄ဝဝ ကို ပြုပြင်ချဲ့ထွင် သွားရန်ရှိနေပြီး ကန်ပေါင်ပေါ်ရှိ တာပေါင်တံတား ကိုလည်း ကွန်ကရစ်တံတား အဖြစ် ပြောင်းလဲ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် လမ်းပိုင်းများ ပြန်လည် ပြင်ဆင်ရန် အတွက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ထံ တင်ပြထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment