Pages

Friday, November 6, 2015

တိုကျိုမြို့၌ မောင်းသူမဲ့ အငှားယာဉ်များ ပြေးဆွဲရန် ဂျပန်နိုင်ငံအစိုးရ ပြင်ဆင်



တိုကျို ၊ ၆-၁၁-၂၀၁၅

ဂျပန်နိုင်ငံ အစိုးရသည် တိုကျိုမြို့၌ အလိုအလျောက် မောင်းနှင်သည့် စနစ် ထည့်သွင်းထားသော မောင်းသူမဲ့ အငှားယာဉ်များ ပြေးဆွဲရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ဂျပန်အစိုးရသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် တိုကျိုအိုလံပစ် ပြိုင်ပွဲ၌ အငှားယာဉ် တိုင်းကို မောင်းသူမဲ့ စနစ်ဖြင့် ပြေးဆွဲနိုင်ရန် အဆိုပါစီမံကိန်းကို အကောင် အထည်ဖော် နေခြင်းဖြစ်သည်။ စီမံကိန်းကို တိုကျိုမြို့၌ အခြေစိုက် ထားသော Robot Taxi ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး မောင်းသူမဲ့ အငှားယာဉ်များကို စမ်းသပ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ မောင်းသူမဲ့ အငှားယာဉ်များကို လာမည့်နှစ် မတ်လတွင် တိုကျိုမြို့ ဧရိယာ၌ ပါဝင်သော ဖူဂျီဆာဝါ အရပ်တွင် စတင်ပြေးဆွဲ နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

မောင်းသူမဲ့ကား များကို ကမ္ဘာကျော် မော်တော်ကား ကုမ္ပဏီများ အပါအဝင် နည်းပညာ ကုမ္ပဏီများမှ အပြိုင်အဆိုင် ဖန်တီးလျက်ရှိ သော်လည်း အများပြည်သူ အသုံးပြုနေသော လမ်းမများ ပေါ်တွင် ရာနှုန်းပြည့် အန္တရာယ် ကင်းသည့် အခြေအနေမျိုးဖြင့် မောင်းနှင်နိုင်သည့် အခြေအနေသို့ ရောက်ရှိခြင်း မရှိသေး သော်လည်း Robot Taxi ကုမ္ပဏီမှ ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ၄င်းတို့ ဖန်တီးလျက် ရှိသော မောင်းသူမဲ့ အငှားယာဉ် များသည် မြို့တွင်း၌ လုံခြုံစိတ်ချမှု အပြည့်ဖြင့် ဝန်ဆောင်မှု ပေးနိုင်မည်ဟု ဖော်ပြထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment