Pages

Monday, November 2, 2015

လွိုင်လင်ခရိုင် ၊ ကျေးသီးမြို့နယ် ၊ မိုင်းနောင်မြို့ အနီး ၀ိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်း ဌာနချုပ်သို့ အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့က ထပ်မံလာရောက် တိုက်ခိုက်



နေပြည်တော် ၊ ၂-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ အနီး ဝိန်းကောင် ကျေးရွာရှိ တပ်မတော် တပ်ရင်း ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့ အင်အား ၂ဝဝ ခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီတွင် တစ်ကြိမ်၊ ည ၈ နာရီခွဲတွင် တစ်ကြိမ်၊ ည ၁၂ နာရီခွဲတွင် တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်၊ အလားတူ အောက်တိုဘာ ၃ဝ ရက် နံနက် ၄ နာရီ ၂ဝ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် လာရောက် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် အိမ်ထောင်သည် ရဲမေ မိသားစုများက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ ခြင်းကြောင့် နံနက် ၇ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာ သွားသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ပြီး အဆောက်အအုံ တချို့လည်း ထိခိုက် ပျက်စီးမှု ရှိခဲ့သည်။

အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့ အနေဖြင့် အဆိုပါ တပ်ရင်း ဌာနချုပ်သို့ အောက်တိုဘာ ၁၆ ရက်၊ ၁၈ ရက်နှင့် ၂၆ ရက်တို့တွင် လည်းကောင်း၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံကျေးရွာ ရှိ တပ်မတော် တပ်ရင်း ဌာနချုပ်သို့ အောက်တိုဘာ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် လည်းကောင်း လက်နက်ကြီး / လက်နက်ငယ် များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ကြောင်း သိရှိရသည်။

အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့သည် သတ်မှတ် နေရာအား ကျော်လွန်၍ နယ်မြေ ချဲ့ထွင်ခြင်းများ ဆောင်ရွက် ခဲ့သည့်အပြင် တပ်ရင်း ဌာနချုပ်များ ကိုပါ အကြိမ်ကြိမ် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ် လာခြင်းကြောင့် နယ်မြေ လုံခြုံရေး ၊ တည်ငြိမ် အေးချမ်းရေး တို့ကို ထိခိုက်စေသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်း နှင့် စစ်ရေးအရ ဆောင်ရွက်သင့် သည်များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment