Pages

Sunday, November 8, 2015

အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ထွက်ခွာ


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် 
တာဝန်ရှိသူများက (၂၅)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ သို့ 
သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအား ပို့ဆောင် နှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၅

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့ နံနက် ၉ နာရီတွင် လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့၌ ကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲတွင် နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်ထိယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily



No comments:

Post a Comment