Pages

Monday, November 23, 2015

ဗီနိုင်းစတေကာ များသည် ပလတ်စတစ်နှင့်တူ၍ အန္တရာယ်ရှိ ထုတ်ကုန်ပစ္စည်း အမျိုးအစား၌ပါဝင်ပြီး အသိပညာရှိရန် လိုအပ်


ရန်ကုန် ၊ ၂၃-၁၁-၂၀၁၅

ယနေ့ခေတ်တွင် သုံးစွဲမှု များပြားလာသော ဗီနိုင်းစတေကာ များတွင် ပလတ်စတစ် ပါဝင်မှုရှိသဖြင့် ပြည်သူများ အနေဖြင့် အသိပညာ ရှိရန် လိုအပ်ကြောင်း မြန်မာ စားသုံးသူများ သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။ 

ဗီနိုင်းစတေကာ များသည် ပလတ်စတစ် ပါဝင်သည့်အပြင် ဗီနိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဆေးများမှာလည်း အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။

လုပ်ငန်းရှင်များ အနေဖြင့် အန္တရာယ် ဖြစ်စေနိုင်သော ဗီနိုင်းဆေး အကြွင်းအကျန် များကို စနစ်တကျ စွန့်ပစ်မှု မရှိဘဲ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်သည့် နည်းမျိုးစုံဖြင့် စွန့်ပစ် တတ်ကြသည်။ ထိုသို့စွန့်ပစ် ခြင်းကြောင့် ချောင်း၊
မြောင်းများ အတွင်းသို့ ရောက်ရှိသွားပြီး ချောင်း၊ မြောင်းများ အတွင်းမှ ငါးများကို စားသုံးမိလျှင် အန္တရာယ် ဖြစ်စေနိုင်သည့် အပြင် သဘာဝ ပတ်ဝန်းကျင် ကိုပါ ထိခိုက် စေနိုင်ကြောင်း သိရသည်။

ထို့ပြင် ဓာတုပစ္စည်း စွန့်ပစ်ရာတွင် စနစ်တကျ ရှိရန် လိုအပ်ကြောင်း၊ အန္တရာယ် ရှိသော ပစ္စည်းများ စွန့်ပစ်ရာတွင် မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်မှသာ ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်း တစ်ခုကို ရရှိစေမည် ဖြစ်ကြောင်း၊ အသုံးမလို တော့သော ဗီနိုင်းစတေကာ များကို အမိုးအကာ အဖြစ် ပြန်လည် အသုံးပြုကာ ဆုတ်ဖြဲ၍ စွန့်ပစ်ရာတွင် သတ်မှတ်ထားသော အမှိုက်ပုံး၌ သွားရောက် စွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။

အမှိုက်စွန့်ပစ်မှု စနစ်တကျ ရှိစေရန် စနစ်တကျ စွန့်ပစ်မှု မရှိသူများကို ဖော်ထုတ်ခြင်း၊ ပြစ်ဒဏ် ပေးခြင်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်ပါက စည်းကမ်းပိုင်းကို ပိုမို အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း သိရသည်။

ဗီနိုင်းစတေကာ နှင့် ပလတ်စတစ် သာမက တခြားသော မြေကြီး၌ ကြာရှည်ခံ၍ မဆွေးနိုင်သော ပစ္စည်းများ အားလုံးကိုလည်း သတ်မှတ်နေရာ များ၌ စနစ်တကျ စွန့်ပစ်သွားရန် လိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် ဗီနိုင်းစတေကာ ထုတ်လုပ်သူများ အနေဖြင့် သုံးစွဲသူများ သိရှိရန် အသိပညာ ပေးခြင်းများ လုပ်ဆောင် သွားရန် လိုအပ်ပြီး ထုတ်လုပ်သူ အပိုင်းမှ အသိပညာ ပေးခြင်းဖြင့် သုံးစွဲသူ များမှလည်း နားလည်၍ လိုက်နာသွား နိုင်မည် ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ထုတ်လုပ်သူနှင့် သုံးစွဲသူများ ပူးပေါင်း၍ သဘာဝနှင့် လိုက်လျော ညီထွေစွာ လုပ်ဆောင်နိုင်ပါက ကောင်းမွန်သော ပတ်ဝန်းကျင်ကို ရစေနိုင်မည် ဖြစ်ကြောင်း ဦးမောင်မောင် က သုံးသပ် ပြောသည်။

ယခုကဲ့သို့ ထုတ်လုပ်သူ သုံးစွဲသူ များနှင့် ပြည်သူအများ အသိပညာ ရှိစေရေးအတွက် မြန်မာ စားသုံးသူများ သမဂ္ဂမှ အသိပညာပေး လုပ်ငန်းများ လုပ်ဆောင် သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment