Pages

Monday, November 30, 2015

အသက်ကြီးသည်အထိ အရိုးသန်မာစေဖို့


အသက်ကြီးသည်အထိ အရိုးသန်မာစေဖို့

ဒေါက်တာလွင်သန့် (ဆေး-၂)

အသက်အရွယ် ကြီးလာတဲ့အခါ အရိုးအဆစ်တွေ သန်မာအောင် ဂရုပြုနေထိုင်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ် ကြီးလာရင် (အထူးသဖြင့် အမျိုးသမီး တွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်။) အရိုးအဆစ်တွေ သန်မာစေဖို့ နေ့စဉ် ကျန်းမာ ရေး အတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း တို့ကို နာရီဝက် သို့မဟုတ် တစ်နာရီခန့် လုပ်ပေးသင့်တယ်။ အစားအစာ စားသောက်တဲ့ အခါမှာလည်း အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဟာ အရိုးသန်မာ ဖို့အတွက် လိုအပ်တဲ့ အကောင်းဆုံး သတ္တုဓာတ်တွေ ပါဝင်တဲ့ အတွက် ဂရုစိုက် စားသုံးပေးသင့် ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေဟာ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် နဲ့ သံဓာတ်တွေ ပါဝင်တဲ့အတွက် အရိုးအဆစ် သန်မာစေပါတယ်။ ကိုက်လန် ၊ မုန်ညင်းစိမ်း ၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ၊ ငရုတ်သီး စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေမှာ ကယ်လ်စီယမ်နဲ့ တခြား သတ္တုဓာတ်တွေ ပါပါတယ်။




ကောက်ပဲသီးနှံတွေမှာ ကာဗွန် ဟိုက်ဒရိတ် အတွက် အရေးကြီးတဲ့ ဆန်လုံးညို၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ပြောင်းဖူး စတာတွေမှာ မဂ္ဂနီစီယမ် ပါဝင်မှုများတဲ့ အတွက် ကယ်လ်စီယမ်၊ ထုံးဓာတ် စုပ်ယူမှု အားကောင်း စေပါတယ်။

ပရိုတိန်းဓာတ် ပေါများတဲ့ အသားအမျိုးမျိုး၊ ငါး၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဥအမျိုးမျိုး၊ တိုဟူး၊ နွားနို့၊ ပဲနို့၊ အဆီနည်းတဲ့ အသား၊ အစေ့အဆန်၊ ပဲအမျိုးမျိုးနဲ့ အခွံမာသီး တွေဟာ ပရိုတိန်းဓာတ်များ စွာပါဝင်လို့ စားပေးသင့် ပါတယ်။ခန္ဓာကိုယ်ထဲက သတ္တုဓာတ် မျှတနေမှ အရိုးအဆစ်တွေ သန်စွမ်း ကျန်းမာမယ်။ သတ္တုဓာတ် ပါဝင်မှု အများဆုံး အရင်းအမြစ်တွေက လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တွေဖြစ်တယ်။ အခွံမာသီး၊
ပင်လယ်ရေညှိ၊ အစေ့အဆန် များမှာလည်း သတ္တုဓာတ် များပါတယ်။

အရိုးပါ ၀ါးစားနိုင်တဲ့ ငါး ၊ ကြက်ရိုး စတဲ့ တိရစ္ဆာန်ထွက် အစာနဲ့ပတ်သက်ရင် ကယ်လ်စီယမ် ပါဝင်မှု အများဆုံး အစာတွေက အရိုးပဲ ဖြစ်တယ်။ အရိုးပါကြိတ်ဝါး နိုင်တဲ့ ငါးကလေး၊ ကြက်အရိုးနု၊ ပုစွန်အခွံတို့ စားပေးရမယ်။ 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဟာ အရိုးကို သန်စွမ်း ကျန်းမာ စေပါတယ်။ နှစ်ပြန်ကြော်ဆီ၊ ဝက်ဆီ၊ ဆီအုန်း စတဲ့ ပြည့်ဝဆီအစား နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ သံလွင်ဆီတို့ကို သုံးသင့်ပါတယ်။ အရိုး ကျန်းမာစေတဲ့ အဆီပါဝင်တဲ့ ထဲမှာ ဆော်လမွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး တို့ဖြစ်ပါတယ်။

အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း ရှောင်ကြဉ်သင့် ပါတယ်။ ရေဆာရင် ရေပဲ သောက်သင့်ပြီး အချိုရည် မသောက်သင့်ပါ။ ကောင်းမွန်စွာ အနားယူဖို့ လိုပါတယ်။ လူငယ်ဘဝ ကတည်းက အလုပ် တစ်ခုပြီးတိုင်း စနစ်တကျ အနားယူသင့် ပါတယ်။ ဘောလုံးတစ်ပွဲ ကန်ပြီးရင် ခြေပစ်လက်ပစ် အနားယူ တတ်သလိုမျိုး၊ နေ့စဉ် ရှစ်နာရီ အလုပ်လုပ် ပေးပြီးရင် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ရမယ်။ တရားထိုင်ခြင်း ကလည်း အထောက်အကူပြု စေပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment