Pages

Wednesday, November 11, 2015

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း)အဖွဲ့က လာရောက် တိုက်ခိုက်



SSA(၀မ်ဟိုင်း) အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်ဌာနချုပ်ရှိ အဆောက်အအုံ ပျက်စီးမှုအား တွေ့ရစဉ်

SSA(၀မ်ဟိုင်း) အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုင်းနောင်ရဲစခန်းရှိ အဆောက်အအုံ ပျက်စီးမှုအား တွေ့ရစဉ်

နေပြည်တော် ၊ ၁၁-၁၁-၂ဝ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့မှ အင်အား ၁၂ဝ ဦးခန့်သည် နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အရှေ့ဘက်နှင့် အနောက်တောင်ဘက် တို့မှ လာရောက် ပစ်ခတ်ခဲ့သည်။ အလားတူ ည ၈ နာရီခွဲခန့်တွင် မိုင်းနောင်နယ်မြေ ရဲစခန်းကိုလည်း ဗုံးပစ်လောင်ချာ များနှင့် ပစ်ခတ်ခဲ့သည်။ ယင်း သောင်းကျန်းသူ များသည် ယမန်နေ့ နံနက် ၄ နာရီခွဲခန့်တွင် တစ်ကြိမ်၊ ၅ နာရီခွဲခန့်တွင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံလာရောက် ပစ်ခတ် တိုက်ခိုက် သဖြင့် တပ်ဌာနချုပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ တပ်မတော် ရဟတ်ယာဉ်များဖြင့် တန်ပြန်ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင့် နံနက် ၈ နာရီခွဲတွင် ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။ မိုင်းနောင် တပ်ဌာနချုပ်တွင် လုံခြုံရေးအရ လိုအပ်သည့် အတားအဆီးများ ပြုလုပ် ထားခြင်းကြောင့် အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့သည် အများပြည်သူ နေထိုင်ရာ ရပ်ကွက်များ အတွင်းမှ ပြည်သူလူထုအား အကာအကွယ် ယူ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိပြီး အဆောက်အအုံ တချို့လည်း ပျက်စီးခဲ့သည်။

အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့ အနေဖြင့် အဆိုပါ တပ်ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် နှစ်ကြိမ်၊ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် သုံးကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များနှင့် လာရောက် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ တပ်မတော်တပ်ရင်း ဌာနချုပ် များနှင့် တပ်ဌာနချုပ် တို့ကိုပါ အကြိမ်ကြိမ် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ် လာခြင်းကြောင့် တပ်မတော် က တန်ပြန် တိုက်ခိုက်မှု များနှင့် နယ်မြေ ရှင်းလင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily



No comments:

Post a Comment