Pages

Wednesday, November 25, 2015

သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရအဝေးထိန်းမိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့၊ ရပ်ကွက်(၄)နေ မောင်လှရွှေ ၂၅ နှစ်နှင့် မောင်းစိုင်းမောင်နု ၁၅ နှစ် တို့နှစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝါးသယ်ရန် ထော်လာဂျီ တစ်စီး၊ ဆိုင်ကယ်တစ်စီး တို့ဖြင့် ထွက်ခွာလာပြီး ခုံစုံရွာသို့ ရောက်ရှိစဉ် ထော်လာဂျီ ဆီမလောက် သဖြင့် ၄င်းတို့ နှစ်ဦးသည် ဆိုင်ကယ်ဖြင့် မိုင်းရှူးမြို့သို့ ပြန်လည် သွားရောက်စဉ် မိုင်းရှူးမြို့အနီး အရောက်၌ လမ်း၏ ညာဘက်ခြမ်း ၁၅ ပေခန့် အကွာမှ သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ အဝေးထိန်းမိုင်း တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲ မှုကြောင့် မောင်လှရွှေ သည် ညာမျက်ခုံး၊ ညာဝမ်းဗိုက်နှင့် မောင်စိုင်းမောင်နု သည် ဘယ်နှုတ်ခမ်း၊ ညာလက်ဖျံ၊ ညာခြေချင်းဝတ် တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မိုင်းရှူးမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူလျက် ရှိသည်။ မိုင်းထိလူနာ များအား တပ်မတော် အရာရှိကြီး များနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ်

No comments:

Post a Comment