Pages

Wednesday, November 25, 2015

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး နှင့် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၂၃ရက် မွန်းလွဲပိုင်းတွင် ရှောက်ဟော်ကျေးရွာ အနီးသို့ ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ လီဖန်း အမျိုးအစား အပြာရောင်ကား တစ်စီးကို တွေ့ရှိသဖြင့် အသေးစိတ် စစ်ဆေး ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသော ကန်တော့ပုံ ကြွေခွက် ၁၃ ခု၊ ဘဲဥပုံ ဖန်ပေါင်းချောင် ၁ဝ ခု၊ အရည်ပါ ပုလင်း ခုနစ်ပုလင်း၊ ကော်ပုံး ၁၈ပုံး၊ ကြွေရည်သုတ် သံပုံး အရွယ်စုံ ၉ ပုံး ၊ ပေါင်းခံရန် ပြုလုပ်ထားသည့် တိုင်ကီ နှစ်လုံး၊ ဆာလဖိတ်အမှုန့် ထည့်ထားသည့် ဆာလာအိတ် တစ်အိတ်၊ ကာဗွန်ဟိုက်ဒရိတ် အမှုန့် ထည့်ထားသည့် ဆာလာအိတ် နှစ်အိတ်၊ ကြေးပိုက်လုံးခွေ၊ ရေပိုက်မျိုးစုံနှင့် မော်တာ လေးလုံး တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်းရမိ ပစ္စည်းများမှာ အသုံးပြုထားခြင်း မရှိသေးဘဲ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ပြုလုပ်လျက် ရှိခြင်းကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်သူများ အနေဖြင့် ထုတ်လုပ်ရန် အခွင့်အရေး မရဘဲ ရှောင်တိမ်း ထွက်ပြေးနေစဉ် သိမ်းဆည်း ရမိခြင်း ဖြစ်သည်ဟု ယူဆရကြောင်း နှင့် နမ့်ဖက်ကာ ရဲစခန်းသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၅ ခုနှစ်အတွင်း အဆိုပါ နယ်မြေရှိ နမ့်ဖာတီး ကျေးရွာ၌ သြဂုတ် ၂၅ ရက်တွင် ကျပ်သိန်းပေါင်း တစ်သောင်း လေးထောင် တစ်ရာခြောက်ဆယ် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၇ဝ၈ဝဝဝ ပြား နှင့်အတူ လက်နက်ခဲယမ်း များ၊ ရှောက်ဟော် ကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်တွင်လည်း ကျပ်သိန်းပေါင်း တစ်ရာ ခုနစ်ဆယ့် ငါးသိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၈၇၅ဝ ပြားနှင့်အတူ လက်နက် ၊ ဆက်စပ်ပစ္စည်း တို့ကိုလည်း တပ်မတော် စစ်ကြောင်းများက ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် 

#Themyawadydaily

No comments:

Post a Comment