Pages

Thursday, October 22, 2015

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ရှားပါးတိရစ္ဆန်များ လဲလှယ်မည်



ရန်ကုန် ၊ ၂၂-၁ဝ-၂ဝ၁၅

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ဆင်နှင့် အမေရိကန် ကျားသစ် အပါအဝင် တခြား ရှားပါး တိရစ္ဆာန်များ လဲလှယ်မည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ ဆပ်ပိုရိုမာရူရာမ တိရစ္ဆာ န်ရုံမှ မြင်းကျား သုံးကောင်၊ သစ်ကုလားအုတ် နှစ်ကောင်၊ ကြိုးကြာနီ အကောင် ၂ဝ၊ အမေရိကန် ကျားသစ် တစ်ကောင်နှင့် ပင်လယ်ဖျံ လေးကောင် တို့ကို ပေးအပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အရွယ်ရောက်ပြီး ဆင်မ နှစ်ကောင်၊ ဆင်ပေါက်တစ်ကောင် နှင့် စွယ်စုံဆင် တစ်ကောင်တို့ လဲလှယ်မည် ဖြစ်ကြောင်း တိရစ္ဆာ န် ဥယျာဉ်များ ဌာနမှ သိရသည်။

ဂျပန်နိုင်ငံ ဆပ်ပိုရိုမာရူရာမ တိရစ္ဆာန်ရုံ မှ ပေးပို့မည့် တိရစ္ဆာ န်များသည် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောက်ရှိမည် ဖြစ်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှင့် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တို့၌ ထားရှိသွားမည် ဖြစ်ကာ မြန်မာနိုင်ငံမှ ပေးပို့မည့် ဆင်လေးကောင်ကို လေ့ကျင့် သင်ကြား ပေးပြီးနောက် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ် များ၌ တိရစ္ဆာ န်များ သဘာဝအတိုင်း ထိန်းသိမ်းရေး ၊ တိရစ္ဆာန် ကာကွယ်ရေးများ အဆင့် မြှင့်တင်ရေးနှင့် တိရစ္ဆာ န် ဥယျာဉ်များတွင် လိုအပ်နေသည့် နည်းပညာ များကို ဂျပန်နိုင်ငံရှိ ဆပ်ပိုရိုမာရူရာမ တိရစ္ဆာ န်ရုံမှ ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ရန်ကုန် တိရစ္ဆာ န် ဥယျာဉ် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန်၊ ကျောင်းသားများ သတ္တဗေဒ နှင့် ရုက္ခဗေဒ လေ့လာရာတွင် အထောက်အကူ ဖြစ်စေရန်၊ တောရိုင်း တိရစ္ဆာ န် များကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရေး အသိ ဖြစ်ပေါ်စေရန်၊ ပညာပိုင်းဆိုင်ရာ သုတေသန လုပ်ရန်နှင့် ရှားပါး တိရစ္ဆာန် များကို မျိုးဆက် ထိန်းသိမ်းရန်တို့ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment