Pages

Tuesday, October 20, 2015

နယ်စပ်ဝင်ပေါက်မှ ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ် ၀င်ရောက်လျက်ရှိ



နေပြည်တော် ၊ ၂၀-၁၀-၂၀၁၅

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီများ၏ စီစဉ် ဆောင်ရွက်မှုဖြင့် နယ်စပ်ဝင်ပေါက်/ ထွက်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ကမ္ဘာလှည့် ခရီးသည် များသည် မော်တော်ယာဉ်တန်း ခရီးစဉ် များဖြင့် ဝင်ရောက် လည်ပတ်လျက် ရှိသည်။

Diethelm Travel Myanmar Tourism Co.,Ltd. ၏ စီစဉ် ဆောင်ရွက်မှုဖြင့် အောက်တိုဘာ ၆ ရက်တွင် ဗြိတိန်နိုင်ငံသား ဧည့်သည် နှစ်ဦးသည် မော်တော်ယာဉ် တစ်စီးဖြင့် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာပြီး မြဝတီ- ဘားအံ- ရန်ကုန်- မိတ္ထီလာ- ပုဂံ- မန္တလေး- ကလော-အင်းလေး- ကျိုင်းတုံမြို့ များသို့ သွားရောက် လည်ပတ်ကာ အောက်တိုဘာ ၁၆ ရက်တွင် တာချီလိတ်မြို့မှ တစ်ဆင့် ပြန်လည် ထွက်ခွာ သွားသည်။

အလားတူ Bright View Travels & Tours Co.,Ltd. ၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၆ ရက်တွင် အိန္ဒိယ နိုင်ငံသား ဧည့်သည် ရှစ်ဦးသည် မော်တော်ယာဉ် နှစ်စီးဖြင့် မူဆယ်မြို့မှ တစ်ဆင့် ဝင်ရောက်လာပြီး မူဆယ် -လားရှိုး- ပြင်ဦးလွင်- မန္တလေး- ဂန့်ဂေါ - ကလေး မြို့များသို့ သွားရောက် လည်ပတ်ကာ အောက်တိုဘာ ၉ ရက်တွင် တမူးမြို့မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ကမ္ဘာလှည့် ခရီးသည် များသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်၊ အနုပညာ လက်ရာများ၊ ရိုးရာဓလေ့ ထုံးစံများ၊ သဘာဝ အလှအပ ရှုခင်းများ၊ လက်မှုပညာ လုပ်ငန်းများနှင့် တိုင်းရင်းသား များ၏ လူနေမှု ဓလေ့စရိုက် များကို တစ်ဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့ဖြင့် သော်လည်းကောင်း၊ မော်တော်ယာဉ်တန်း ခရီးစဉ်များ၊ မော်တော်ဆိုင်ကယ် ယာဉ်တန်း ခရီးစဉ်များ၊ စက်ဘီးယာဉ်တန်း ခရီးစဉ် များဖြင့် လာရောက် လည်ပတ်မှု ပိုမို တိုးတက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment