Pages

Friday, October 9, 2015

မော်တော်ကားတာယာများမှ ထုတ်လွှတ်နေသော အနက်ရောင် ကာဗွန်အမှုန့်လေး များကြောင့် လူသားတို့၏ အဆုတ်ကို ထိခိုက်နိုင်ကြောင်း တွေ့ရှိ


လန်ဒန် ၊ ၉-၁၀-၂၀၁၅

မော်တော်ကား တာယာများမှ ထုတ်လွှတ်နေသည့် လူသားတို့၏ မျက်စိဖြင့် မမြင်ရသော အနက်ရောင် ကာဗွန်အမှုန့် လေးများကြောင့် လူသားတို့၏ ကျန်းမာရေးတွင် အဆုတ်များကို ထိခိုက်စေ သည်ကို သိသာ ထင်ရှားစွာ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆေးလိပ် သောက်သုံးသူ များ၏ DNA တွင် ပို၍ သိသာသော အနက်ရောင် ကာဗွန်များက ဒုက္ခ ပေးနေကြောင်း သုတေသီများက သိရှိခဲ့ ကြသည်။

မော်တော်ကား တာယာများသည် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် ကတ္တရာလမ်းများ နှင့် ပွတ်တိုက် မိကြရာမှ အပူရှိန် များဖြစ်လာပြီး ၄င်း အနက်ရောင် ကာဗွန်မှုန့်လေးများ လေထုအတွင်း ရောက်ရှိ လာကြခြင်း ဖြစ်သည်။

သုတေသီများက ဆေးလိပ် သောက်သုံးသူ တစ်ဦး သေဆုံးသော အခါ အဘယ်ကြောင့် ၄င်း၏ အဆုတ် အတွင်းပိုင်း မည်းနက် နေသည်ကို စူးစမ်းကြရာမှ သိရှိ လာခဲ့ကြပြီး စမ်းသပ်ခန်း အတွင်းရှိ ကြွက်ကလေး များကို ထပ်မံ စမ်းသပ်ကြည့် ခဲ့ရာ ကြွက်ကလေး များတွင်လည်း ယခုကဲ့သို့ ဖြစ်သွားကာ သေဆုံးခဲ့ ရကြောင်း သိရှိလာ ခဲ့ကြသည်။

အနက်ရောင် ကာဗွန်မှုန့်လေး များသည် လေထုအတွင်း အမြဲရှိနေပြီး လူသားတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင် လောက်အောင် သေးငယ်လွန်း ကြောင်း သုတေသီများက ရှင်းပြသည်။ ၄င်း အနက်ရောင် ကာဗွန်မှုန့် လေးများသည် သွေးထဲသို့ တစ်ခါတစ်ရံ ရောက်သွားကြပြီး လူသားတို့၏ မျိုးဗီဇ အရည်အသွေး များကို နှောင့်ယှက် တတ်ကြောင်း သိရသည်။

အဆုတ်အတွင်း ရောက်ရှိလာ၍ အဆုတ်၏ လုပ်ငန်းများကို များစွာနှောင့်ယှက် ပေးတတ်ကြောင်း ဆက်လက်သိရှိ ခဲ့ရသည်။ အနက်ရောင် ကာဗွန်မှုန့် ကလေးများ အကြောင်းကို အမေရိကန်နိုင်ငံ ဟူစတန်မြို့ ရိုက်တက္ကသိုလ် မှ ဒေါက်တာ ဂျိမ်စ်းတိုဝါ က အစအဆုံး စစ်ဆေးကြည့်ရှု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment