Pages

Monday, October 26, 2015

အင်္ဂါဂြိုဟ်ပေါ်သို့ လူလိုက်ပါနိုင်မည့် ဒုံးပျံဒီဇိုင်း ကို နာဆာ အတည်ပြု


နယူးယောက် ၊ ၂၆-၁၀-၂၀၁၅

အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အေဂျင်စီ (NASA) သည် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါ နိုင်မည့် ဒုံးပျံဒီဇိုင်းကို အတည်ပြု လိုက်ကြောင်း Techradar သတင်းဌာနမှ ဖော်ပြသည်။

အဆိုပါဒုံးပျံမှာ ကမ္ဘာပေါ်တွင် တည်ဆောက် ခဲ့သော အာကာသယာဉ် များနှင့် ဒုံးပျံများ ထဲတွင် စွမ်းအား အကြီးဆုံး ဖြစ်လာမည် ဟု သိရသည်။ ဒုံးပျံကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး တည်ဆောက်ရန် ပြင်ဆင်ထားပြီး
အစိတ်အပိုင်း လေးပိုင်းဖြင့် တည်ဆောက် သွားမည် ဖြစ်သည်။ ဒုံးပျံ၏ အမြင့်မှာ ပေ ၂ဝဝ ရှိမည်ဖြစ်ပြီး ဒုံးပျံကိုယ်ထည်မှာ ၂၇ ဒသမ ၆ ပေရှိမည်ဟု သိရသည်။ အင်ဂျင် နှစ်လုံးဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး
ဟိုက်ဒရိုဂျင် အရည်များနှင့် အောက်ဆီဂျင် အရည်များ သယ်ဆောင် သွားနိုင် ရန်လည်း ဒီဇိုင်း ရေးဆွဲ ထားသည်ဟု နာဆာ မှ အတည်ပြု ထားသည်။ 

အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ နေထိုင် ခဲ့သည်ဟု ယူဆနိုင်သော အထောက်အထား များ တွေ့ရှိထားပြီး ယခင် စူးစမ်း လေ့လာရေး ယာဉ်များသာ စေလွှတ်လေ့လာ နိုင်ခဲ့သည်။ လူလိုက်ပါက စူးစမ်းလေ့လာ မှုများ ပြုလုပ်လျှင် ပိုမိုအကျိုးရှိ နိုင်သည်ဟု ယုံကြည် သောကြောင့် နာဆာသည် လူလိုက်ပါ နိုင်သော ဒုံးပျံဖြင့် အင်္ဂါဂြိုဟ်သို့ သွားရောက် လေ့လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment