Pages

Monday, October 26, 2015

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း မှ မြန်မာ့တပ်မတော်အတွက် လှံစွပ်ထိုးပစ္စည်းများ ပေးအပ်


တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးမှ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် 
ဗိုလ်ချုပ် တင်မောင်ဝင်း ထံ နီပွန်ဖောင်ဒေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး Mr. Mori Yuji က 
လှံစွပ်ထိုး ပစ္စည်းများ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၆-၁၀-၂၀၁၅

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း မှ မြန်မာ့တပ်မတော် အတွက် လှံစွပ်ထိုးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ်၌ ကျင်းပရာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးမှ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Higuchi Tateshi ၊ ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး Mr. Mori Yuji ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်စစ်သံမှူး Col.Takeshi HARA နှင့် တာဝန်ရှိသူများ၊ တပ်မတော် ဆေးတက္ကသိုလ်မှ ဘွဲ့လွန် သင်တန်းသား အရာရှိများ၊ ဗိုလ်လောင်းများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း က ကြိုဆိုနှုတ်ဆက် အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် နီပွန် ဖောင်ဒေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး တို့က လှံစွပ်ထိုး အားကစား ပစ္စည်းများ ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နီပွန် ဖောင်ဒေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး Mr. Mori Yuji က လှံစွပ်ထိုး ပစ္စည်းများ ပေးအပ်ရာ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့သည်။

ဆက်လက်၍ ဂျပန်နိုင်ငံမှ လှံစွပ်ထိုး အားကစား နည်းအား သရုပ်ပြသရာ တက်ရောက် လာကြသူများက ကြည့်ရှုအားပေး ခဲ့ကြပြီး လှံစွပ်ထိုး အားကစားနည်း သရုပ်ပြသ ခဲ့ကြသော ဂျပန်နိုင်ငံ ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိ၊ စစ်သည် များအား တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး က အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နှင့် နီပွန် ဖောင်ဒေးရှင်း ဦးဆောင် ညွှန်ကြားရေးမှူး တို့အဖွဲ့သည် သမားဇာနည် အောင်စစ်သည် ပြခန်းအတွင်း လှည့်လည် ကြည့်ရှုပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment