Pages

Monday, October 26, 2015

တရားမဝင် သစ်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ယာဉ်များ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၆-၁ဝ-၂ဝ၁၅

တပ်မတော်မှ ကချင်ပြည်နယ် အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများ လျော့ပါး ပပျောက်စေရေး အတွက် နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိရာ အောက်တို
ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ချိန် ခန့်တွင် မံစီမြို့နယ်၊ မံသာကျေးရွာ နှင့် ပတ်ဝန်းကျင်အား တပ်မတော် စစ်ကြောင်းများ က နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အဆိုပါ ကျေးရွာအတွင်းမှ တရားမဝင် သစ်တင် ဆောင်ရာတွင် အသုံးပြုမည့် တုန်ဟုန်းခြောက် ဘီးယာဉ် ၄၉ စီး၊ ဖောက်ရှဲ ခြောက်ဘီးယာဉ် နှစ်စီး၊ ယန်းဖောင် ခြောက်ဘီးယာဉ် ၁၁ စီး၊ သရီးကရောင်း ခြောက်ဘီးယာဉ် တစ်စီး၊ အက်စ်ဇူး ခြောက်ဘီးယာဉ် ၂၉ စီး၊ ဒေါင်ဖန်း ၁ဝ ဘီး ယာဉ်ခြောက်စီး နှင့် အမျိုးအစား စိစစ်ဆဲ ၁ဝ ဘီးယာဉ်နှစ်စီး စုစုပေါင်း ၁ဝဝ စီးတို့အား သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်ပြီး ဟန်ထက်ကျေးရွာ နှင့် ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အဆိုပါ ကျေးရွာအတွင်းမှ တရားမဝင် သစ်တင်ဆောင် ရာတွင် အသုံးပြုမည့် သရီးကရောင်း ခြောက်ဘီးယာဉ် ၅၉ စီး၊ တုန်ဟုန်း ခြောက်ဘီးယာဉ် ၁၄ စီး၊ ယန်းဖောင် ခြောက်ဘီး ယာဉ် ၁၇ စီး၊ ဖောက်ရှဲ ခြောက်ဘီးယာဉ် လေးစီးနှင့် အမျိုးအစား စိစစ်ဆဲ ၁ဝ ဘီးယာဉ် ရှစ်စီး၊ စုစုပေါင်း ၁ဝ၂ စီးတို့အား ထပ်မံ သိမ်းဆည်း ရမိသည်။

အဆိုပါ သိမ်းဆည်း ရမိသော တရားမဝင် သစ်များ တင်ဆောင်ရာတွင် အသုံးပြုမည့် သစ်တင်ယာဉ် စုစုပေါင်း ၂ဝ၂ စီးအား တရားဥပဒေ နှင့်အညီ စိစစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment