Pages

Monday, October 12, 2015

အဆင့်နိမ့် ကျောက်စိမ်း ကျောက်မျက်အတွဲပေါင်း ၇၀၀၀ ခန့်ကို ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင် များအား မြန်မာကျပ်ငွေဖြင့် ရောင်းချမည်



ရန်ကုန် ၊ ၁၂-၁၀-၂၀၁၅

ပြည်တွင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအား အဆင့်နိမ့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း ၇ဝဝဝ ခန့်ကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ ထံမှ သိရသည်။

ကျောက်မျက်ရိုင်း နှင့် ကျောက်စိမ်း အသားကျောက် များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက် ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် ယခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်ထိ ရောင်းချမည် ဖြစ်သည်။

အဆိုပါပြပွဲသို့ တက်ရောက် ဝယ်ယူမည့် နိုင်ငံခြားသားများ အနေဖြင့် သတ်မှတ်ထားသော စရန်ငွေများ ပေးသွင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန် ထားသည်။

ကျောက်မျက် ရတနာပြပွဲကို ဝင်ကြေးငွေကျပ် ၅ဝဝဝဝ ပေးသွင်း ရမည်ဖြစ်ပြီး ဝယ်ယူမည့် ကျောက်မျက် တန်ဖိုး၏ ငါးရာခိုင်နှုန်းကို စပေါ်ငွေ အဖြစ် ကြိုတင်ပေးသွင်း ရမည်ဖြစ်သည်။

သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက် ရောင်းချပွဲ များကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကျင်းပလျက်ရှိရာ နိုင်ငံတကာ ကျောက်မျက် ကုန်သည်များ တက်ရောက် ဝယ်ယူခွင့် ပြုသည့် ယူရိုငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲနှင့် ပြည်တွင်း နိုင်ငံသား ကျောက်မျက် ကုန်သည်များသာ တက်ရောက် ဝယ်ယူခွင့်ပြုသည့် ကျပ်ငွေဖြင့် ရောင်းချသည့် အဆင့်နိမ့် အသားကျောက် ရောင်းချပွဲ ဟူ၍ ခွဲခြား ကျင်းပခြင်း ဖြစ်သည်။

ယခု ကျောက်မျက် ပြပွဲသည် ၂ဝ၁၅ ခုနှစ်အတွင်း ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး အရည်အသွေး ကောင်းသည့် ကျောက်မျက်များ မပါဝင်ဘဲ C ၊ D အဆင့် အသားကျောက် များကို ပြည်တွင်း လုပ်ငန်းရှင် များအား ကျပ်ငွေဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment