Pages

Thursday, October 22, 2015

ကမ္ဘာနှင့်မိုင်ပေါင်း ၃၁၀၀၀၀ ခန့်အဝေးက ဥက္ကာခဲ့တစ်ခု အောက်တိုဘာ ၃၁ ရက်တွင် ဖြတ်သန်းသွားမည်ဟု နာဆာဆို


Halloween Asteroid: Giant asteroid 2015 TB145 to whizz past Earth on October 31

ဝါရှင်တန် ၊ ၂၂-၁၀-၂၀၁၅

အောက်တိုဘာ ၃၁ ရက်တွင် ကမ္ဘာနှင့်မိုင်ပေါင်း ၃၁ဝဝဝဝ ခန့်အဝေးက အချင်း ၉၁၈ ပေမှ ၂ဝ၃၄ ပေထိ ရှိနိုင်သော ဥက္ကာခဲ တစ်ခုသည် တစ်နာရီလျှင် ၇၈၂၉၃ မိုင်နှုန်းဖြင့် ဖြတ်သန်း သွားမည်ဟု နာဆာ သိပ္ပံပညာရှင် များက ပြောပြသည်။

''လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကမ္ဘာဘက်ကို ဦးတည်ပြီး ရွေ့လျားလာတဲ့ ဥက္ကာခဲ တစ်ခုကို အမေရိကန်ပြည် ထောင်စု ဟာဝိုင်ယီကျွန်း အခြေစိုက် Pan-Stars နက္ခတ်တာရာကြည့် မျှော်စင်ကြီး ကနေ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ဥက္ကာခဲအမှတ် 2015 TB 145 လို့ အမည်ပေး ထားပါတယ်။ ဒီနှစ်ပိုင်းအတွင်း ကမ္ဘာကြီးနဲ့ နီးကပ်တဲ့ နေရာကို ရောက်လာတဲ့ အာကာသ အစိုင်အခဲ တွေထဲမှာ ဒီတစ်ခုက အကြီးဆုံး ဖြစ်ပါတယ်'' ဟုနာဆာမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

၎င်းဥက္ကာပျံကြီး ကမ္ဘာအနီးမှ ဖြတ်သန်းသွား ချိန်တွင် သာမန် မျက်လုံးဖြင့် မြင်တွေ့ရမည် မဟုတ်သော်လည်း အပျော်တမ်း ကြယ်တာရာကြည့် မှန်ပြောင်းများ ဖြင့်ပင် မြင်တွေ့ရမည် ဖြစ်သည်။ ဥက္ကာပျံကြီးသည် အောက်တိုဘာ ၃ဝ ရက် ညနေပိုင်းတွင် Orion ကြယ်တာရာကို ဖြတ်သန်း လာမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ နံနက် လင်းအားကြီး ချိန်တွင် ကယ်လီဖိုးနီးယား ပြည်နယ် အပေါ်ဘက်မှ ဖြတ်သန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်းသွားမည့် နောက်ထပ် ဥက္ကာခဲတစ်ခုကို ၂ဝ၂၇ ခုနှစ်တွင် မြင်တွေ့ရမည် ဖြစ်ပြီး ဥက္ကာခဲအမှတ် 1999 AN 10 ဟုအမည် ပေးထားကြောင်း၊ ယခု 2015 TB 145 ကို အမေရိကန် ပြည်ထောင်စုနာဆာ လက်အောက်ရှိ တယ်လီစကုပ်များ အားလုံးဖြင့် စောင့်ကြည့်လျက် ရှိပြီး ဥက္ကာပျံ ဖြတ်သန်းသွားစဉ် ဖြစ်ပျက် ပြောင်းလဲမှုများ မည်သို့ ရှိမည်ကို စူးစမ်းလေ့လာ သွားမည့်အပြင် အနာဂတ်တွင် ကမ္ဘာနှင့် နီးရာသို့ ချဉ်းကပ်လာသော အာကာသ အစိုင်အခဲ များကိုလည်း ယခုထက် ဆောလျင်စွာ သိရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

2015 TB145 Halloween asteroid: Massive space rock zipping by Earth Oct. 31

#Yadanarpondaily

No comments:

Post a Comment