Pages

Monday, October 12, 2015

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းကို ကုန်တင်သင်္ဘောများ ရာသီမရွေး ဆိုက်ကပ် အသုံးပြုနိုင်မည်



မန္တလေး ၊ ၁၂-၁၀-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် မန္တလေး- မြို့သာစက်မှု ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း၍ မြင်းခြံမြို့နယ် တွင် အကောင်အထည် ဖော်လျက်ရှိသည့် ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်း တည်ဆောက်မှု မှာ ရာခိုင်နှုန်းပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်သောကြောင့် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း တွင်စတင်ကာ ကုန်တင် သင်္ဘောများ ဆိုက်ကပ်၍ ကုန်တင်၊ ကုန်ချ လုပ်ငန်းများကို လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ ဆီမီးခုံဆိပ်ကမ်း မှာ ကုန်တင် သင်္ဘောများ ရာသီမရွေး ဆိုက်ကပ် ရပ်နားနိုင်မည့် ဗောတံတား ပါဝင်သည့် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံ တို့မှ ပညာရှင်များက ရေးဆွဲ ထားသည့် ဒီဇိုင်းအတိုင်း တည်ဆောက် ထားခြင်း ဖြစ်ကြောင်း၊ စက်မှုဥယျာဉ် စီမံကိန်း၏ ပထမအဆင့် ဖြစ်ပြီး ကုန်တင်သင်္ဘော များအသုံးပြု၍ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ရေလမ်းကြောင်းဖြင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန် သွက်လက်လာမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့် က ပြောပြသည်။

ဆီမီးခုံဆိပ်ကမ်း သည် အလျားပေ ငါးထောင်ကျော် ရှည်လျားပြီး စက်မှုဥယျာဉ် (မြို့သာ) နှင့် ရှစ်မိုင်ခန့် ကွာဝေးသော ဧရာဝတီ မြစ်ကမ်းဘေး၌ တည်ဆောက် ထားခြင်းဖြစ်ရာ ကုန်တင်သင်္ဘော များအနေဖြင့် မြစ်ရေကျ ချိန်နှင့် မြစ်ရေတက်ချိန် တို့တွင်လည်း အဆင်ပြေစွာ ဆိုက်ကပ်ရပ်နား နိုင်မည် ဖြစ်ကြောင်း၊ စက်မှုဥယျာဉ် စီမံကိန်း တစ်ခုလုံးကို လာမည့် ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား၍ အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး Master Plan အရ ဦးစားပေး အကောင်အထည် ဖော်ရမည့် အပိုင်းများကို Phase By Phase စနစ်ဖြင့် တစ်ဆင့်ချင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (ဝ၅ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

#Yadanarpondaily

No comments:

Post a Comment