Pages

Thursday, October 8, 2015

ယူနက်စကိုသို့ တင်သွင်းရန် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် အမျိုးပေါင်း ၃ဝဝ နီးပါး စာရင်းကောက်ယူ ရရှိ


မြန်မာ့ရွှေချည်ထိုးပန်းချီကားများ

ရန်ကုန် ၊ ၈-၁ဝ-၂ဝ၁၅

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO) သို့ တင်သွင်းရန် လတ်တလော ကောက်ယူ ထားသော စာရင်းများအရ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အမျိုးပေါင်း ၃ဝဝ နီးပါး ရရှိနေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သိရသည်။

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဆိုသည်မှာ လူမျိုး တစ်မျိုး၏ ဘာသာစကား၊ ဓလေ့ထုံးစံများ၊ အနုပညာ လက်ရာများ စသည်တို့ကို ဆိုလိုခြင်း ဖြစ်ပြီး ယင်းအချက် များကို အခြေခံ၍ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး၌ စာရင်းကောက်ယူ နေရာ လတ်တလော စာရင်းများ အရ အမျိုးပေါင်း ၃ဝဝ နီးပါး ရှိနေပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းသို့ စာရင်းတင်သွင်း နိုင်ရေးအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ယူနက်စကို တို့ ပူးပေါင်း၍ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများ ချမှတ်ခြင်း၊ အဆိုပါ အမွေအနှစ် များကို ရေရှည် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် လမ်းပြမြေပုံ (Road Map) ဆောင်ရွက်ခြင်း၊ စာရင်းများ သတ်မှတ်ခြင်း၊ အချက်အလက်များ စုဆောင်းခြင်း၊ စီမံခန့်ခွဲခြင်း၊ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုများ စာရင်းပြုစုရေး အတွက် မူဘောင်ချမှတ်ခြင်း တို့ကို ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ယူနက်စကို သို့ တင်သွင်းရန် ဦးစီး ကော်မတီသာ ဖွဲ့စည်းထားပြီး ကော်မတီ ဖွဲ့စည်းပြီး မှသာ မြန်မာဒြပ်မဲ့ အမွေအနှစ် တင်သွင်းရန် ဦးစားပေး စာရင်းများကို ပြန်လည် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယူနက်စကို သို့ စာရင်း တင်သွင်းရာတွင် နှစ်တစ်နှစ်၏ မတ် ၃၁ ရက်မတိုင်မီ အပြီးတင်သွင်း ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ များ၏ တင်သွင်း စာရင်းများမှ အရေအတွက် စုစုပေါင်း ၅ဝ ခန့်ကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။ 

ယင်းသို့ ယူနက်စကို ၏ အမွေအနှစ် စာရင်းတွင် ထည့်သွင်းခံ ရပါက ယင်းဒြပ်မဲ့ ယဉ်ကျေးမှုများ ရှင်သန်နေမည် ဖြစ်ကာ မှတ်တမ်းတင်သွင်း ထားပြီး လက်ဆင့်ကမ်း သွားမည် ဖြစ်သောကြောင့် ပျောက်ပျက်နိုင်
တော့မည် မဟုတ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment