Pages

Thursday, October 8, 2015

ကုန်ကြမ်းထွက်နှုန်း လျော့န်ညးသွားခြင်းကြောင့် ကျောက်မျက်ပညာကို စိတ်ဝင်စားမှုနည်းပါး



ရန်ကုန် ၊ ၈-၁၀-၂၀၁၅

မြန်မာနိုင်ငံမှ ကျောက်မျက်များ ထွက်ရှိရာ ဒေသများ၌ ကျောက်မျက် ရတနာ ကုန်ကြမ်းများ ရှားပါးလာပြီး ထွက်နှုန်း လျော့နည်း လာခြင်းကြောင့် ကျောက်မျက် ပညာ များကို သင်ယူမည့် လူငယ်များ အနေဖြင့် ကျောက်မျက်ပညာနှင့် ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါး လာသည်မှာ မျိုးဆက် ပြတ်နိုင်သည် အထိ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''ကျောက်မျက်လုပ်ငန်း တွေက အခုချိန်မှာ အရင်းအနှီးက ကြီးမားပြီး ပြန်ရမယ့် အကျိုးအမြတ်က မသေချာ တာကြောင့် ကျောက်မျက် ရတနာ ပစ္စည်းတွေ အပေါ် လူငယ်တွေရဲ့ စိတ်ဝင်စားမှုက လျော့နည်း လာပါတယ်။ မိဘ လက်ထက် ကတည်းက ကျောက်မျက် ရောင်းချနေသူ တွေရဲ့သားသမီး တွေက ဒါ ဘာကျောက်လဲ လို့မေးရင် မသိတော့ဘူး။ ဒါ့အပြင် စိတ်ဝင်စားမှု မရှိတော့ဘူး။ ဒီပညာက နီးစပ်ရာ အဝန်းအဝိုင်း က သင်ကြားပေးလို့ ရတဲ့ ပညာ ဖြစ်တယ်၊ ကျောက်ပညာ မှာလည်း အမျိုးအစား ခွဲတဲ့ပညာနဲ့ ကျောက်သွေးပညာ ဆိုပြီးတော့ ရှိတယ်။ အခုဆို သင်ကြားပေးမယ့် သူလည်း ရှားလာပါပြီ '' ဟု ကျောက်မျက် ကုန်သည်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအချိန်တွင် ကမ္ဘာကျော် ပတ္တမြားများ အပြင် နီလာနှင့် ပြောင်ခေါင်းစိမ်း စသည့် ကျောက်မျက် ရတနာ အမျိုးပေါင်း ၁၆ဝ ခန့် ထွက်ရှိသည့် မိုးကုတ်ဒေသ ၌ပင် ကျောက်မျက် ထွက်ရှိမှုမှာ ဆယ်စုနှစ် တစ်ခုအတွင်း သိသာစွာ လျော့နည်းလာပြီး ကျောက်မျက် ရတနာ ကုန်ကြမ်း ပစ္စည်းများ ရှားပါးလာကာ ကျောက်မျက်များ မှာလည်း တန်ဖိုးမြင့်မား လာကြောင်း သိရသည်။

ထို့ကြောင့် ကျောက်မျက် လုပ်ငန်းများတွင် ကျောက်ထွက် ပစ္စည်းများကို အကဲဖြတ်သည့် ကျောက်မျက် ပညာအား စိတ်ဝင်စားမှု နည်းပါးလာကာ နောင်တွင် ကျောက်မျက် ပညာရှင်များ ရှားပါး သွားမည်ကိုပင် စိုးရိမ် နေရကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment