Pages

Thursday, October 8, 2015

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေးများကို မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည်


ရန်ကုန် ၊ ၈-၁၀-၂၀၁၅

ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် ဝင်ကြေးများကို အမေရိကန် ဒေါ်လာနှင့် ကောက်ခံနေရာမှ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန၏ သတင်းများ
အရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေးများကို အမေရိကန်  ဒေါ်လာနှင့် ကောက်ခံနေရာမှ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း ယခုနှစ် အောက်တိုဘာ ၆ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပုဂံ-ညောင်ဦး ယဉ်ကျေးမှု အမွေအနှစ်ဇုန် သည် ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး နေရာဌာန ၁ဝ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာမှ လာရောက် လည်ပတ် လေ့လာနေသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား နေခဲ့သည်။ ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ ၁၉၉၄ ခုနှစ် အောက်တိုဘာ မှ စတင်ကာ ဇုန်ဝင်ကြေးများ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က နိုင်ငံတကာ ခရီးသွား ဧည့်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝ ဒေါ်လာ ကောက်ခံကာ ခုနစ်ရက် တစ်ဆက်တည်း အသုံးပြုခွင့် ပေးခဲ့သည်။ ထို့နောက် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ နိုင်ငံတကာ ခရီးသွား ဧည့်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာထိ တိုးမြှင့် ကောက်ခံခဲ့ပြီး ငါးရက် အသုံးပြုခွင့် ပေးခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ နိုင်ငံတကာ ခရီးသွား ဧည့်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂ဝ နှုန်းထိ တိုးမြှင့် ကောက်ခံခဲ့ပြီး အသုံးပြု လေ့လာခွင့်ကို ငါးရက် ခွင့်ပြုထားရာမှ လာမည့် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန်ဝင်ကြေး များကို မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေလဲနှုန်းနှင့် အနီးစပ်ဆုံး ဖြစ်သည့် ငွေကျပ် ၂၅ဝဝ ပြောင်းလဲ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment