Pages

Saturday, September 5, 2015

ရန်ကုန် -မန္တလေး အမြန်လမ်းသုံး အဝေးပြေး ခရီးသည်တင်ယာဉ် များအား ထိန်းချုပ်စောင့်ကြည့်နိုင်ရန် GPS နည်းပညာ Telematics System တပ်ဆင်ခြင်းကို အခမဲ့ ၀န်ဆောင်မှုပေးမည်



ရန်ကုန် ၊ ၅-၉-၂၀၁၅

ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုနေသည့် အဝေးပြေး ခရီးသည်တင် ယာဉ်များအား ထိန်းချုပ် စောင့်ကြည့်နိုင်ရန် ဂျီပီအက်စ် နည်းပညာ တယ်လီမက်တစ် စနစ် တပ်ဆင်ခြင်း ကို အခမဲ့ ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန အမြန်လမ်းမကြီး ကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ယာဉ်များကို တယ်လီမက်တစ် စနစ်ကို စက်တင်ဘာလ နှင့် အောက်တိုဘာလ အတွင်း အပြီးတပ်ဆင် ပေးမည်ဖြစ်ပြီး တယ်လီမက်တစ် စနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည်တင် ယာဉ်များကို အမြန်လမ်း အသုံးပြုခွင့် ပေးမည် မဟုတ်ကြောင်း အမြန်လမ်းမကြီး ကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် ယာဉ်များအား စောင့်ကြည့်သည့် စနစ်ကို ယခုလမှ စတင်မည်ဖြစ်ပြီး ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ဖြတ်သန်း မောင်းနှင်ခွင့်ပြု ထားသည့် ကုန်တင်ယာဉ် များကို ယခုနှစ်မတ်လမှ စတင်၍ စောင့်ကြည့် သည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စောင့်ကြည့်စနစ် အသုံးပြုသောကြောင့် ယာဉ်မတော်တဆ ဖြစ်မှု လျော့ကျလာပြီး သေဆုံးသည့် ဖြစ်စဉ်များလည်း မရှိခဲ့ကြောင်း ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

အမြန်လမ်း အသုံးပြုနေသော ခရီးသည်တင် ယာဉ်များမှာ တစ်နေ့လျှင် အစီးရေ ၁၅ဝဝ နှင့် ၁၇ဝဝ ကြားတွင်ရှိပြီး ခရီးသည်တင် ယာဉ်စီးနင်းသော ခရီးသည် အများစုမှာ ယာဉ်အန္တရာယ် မတော်တဆမှု လျော့ကျစေ ရန်နှင့် လမ်းအသုံးပြု သူများ လုံခြုံစေရေး အတွက် စောင့်ကြည့်သည့် စနစ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment