Pages

Wednesday, September 16, 2015

ဝန်ထမ်းလျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ်စိစစ်၍ လိုအပ်မှသာ ခွင့်ပြုသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြီးသည့် နောက်ပိုင်းတွင် စက်ရုံများ၌ ဝန်ထမ်း လျှော့ချမှုများ ရှိလာခဲ့ပြီး အဆိုပါ ဝန်ထမ်း လျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ် စိစစ်၍ လိုအပ်မှသာ လျှော့ချမှုကို ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

လက်ရှိ အခြေအနေတွင် စက်ရုံများမှ လူအင်အား လျှော့ချမှုများ ဆက်တိုက် ဖြစ်ပေါ် လာသည့်အတွက် အမှန်တကယ် အော်ဒါမရခြင်း ဟုတ်၊ မဟုတ်နှင့် အခြား အခက်အခဲများ ရှိ၊ မရှိကို ယခင်ကထက် စိစစ်မှုများ ပိုမိုပြုလုပ် နေကြောင်း၊ လက်ရှိတွင် လူလျှော့ရန် တင်ပြခြင်း သာရှိပြီး စက်ရုံပိတ်ရန် တင်ပြခြင်းများ မရှိသေးကြောင်း သိရသည်။

စက်ရုံများတွင် အလုပ်သမား အင်အား လျှော့ချရခြင်း၏ အကြောင်း ပြချက်မှာ အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီ လုပ်အားခ အတွက် ကျပ် ၃၆ဝဝ သတ်မှတ်ခြင်း ကြောင့် မဟုတ်ဘဲ အလုပ်သမား များ၏ ကြိုးစား အားထုတ်မှု မရှိခြင်း၊ လုပ်ငန်းခွင် အတွင်း အလေးထား ဆောင်ရွက်မှု အားနည်းခြင်း၊ အော်ဒါ လက်ခံရရှိမှု နည်းပါးခြင်း၊ ကုန်ကျစရိတ် နှင့် ဝန်ဆောင်ခများ မြင့်တက် လာခြင်းနှင့် ကုန်ကြမ်း ရရှိမှု နည်းပါးခြင်း စသည့် အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment