Pages

Wednesday, September 16, 2015

ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ဆေးတက္ကသိုလ် သင်တန်းခန်းမ နှင့် ဆေးပညာပြတိုက် ဖွင့်ရန် စီစဉ်ထား


ရန်ကုန် ၊ ၁၆-၉-၂ဝ၁၅

နှစ်ပေါင်း ၁၁၀ နီးပါး ရှိပြီဖြစ်သော ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသည် ခံနိုင်ဝန်အား မမျှတော့ သဖြင့် ဆေးရုံအသစ် ထပ်မံ တည်ဆောက်ကာ ယင်း အဆောက်အအုံ ကြီးကို ဆေးတက္ကသိုလ် သင်တန်းခန်းမ နှင့် ဆေးပညာ ပြတိုက်ဖွင့်ရန် အစီအစဉ် ချမှတ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် က ပြောသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ကို ၁၉ဝ၆ ခုနှစ်က စတင် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်း အဆောက်အအုံကြီး စတင် တည်ဆောက် စဉ်က လူနာပေါင်း ၃၆၅ ဦးအတွက် ရည်ရွယ် ဆောက်လုပ်ခဲ့ သော်လည်း ယခုအခါ ယင်း အဆောက်အအုံ ကြီးပေါ်၌ လူနာပေါင်း ၁၅ဝဝ ခန့်အထိ ကုသပေး နေရပြီး လူနာ တစ်ဦးလျှင် လူနာစောင့် တစ်ဦးနှုန်းဖြင့် တွက်ပါက လူနာစောင့် ၁၅ဝဝ ဦးနှင့် ဝန်ထမ်းပေါင်း ၁၅ဝဝ ဦးရှိသောကြောင့် ယင်း အဆောက်အအုံ ပေါ်တွင် စုစုပေါင်း လူဦးရေ ၄၅ဝဝ ခန့် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဝန်ထမ်းဟောင်း အဆောက်အအုံကို ဖြိုဖျက်ကာ ၁၂ ထပ်ရှိသည့် ဆေးရုံတစ်ရုံ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ခုတင်- ၃ဝဝ ဆံ့ေ ဆးရုံများကို ခုတင်- ၅ဝဝ ဆံ့ ဆေးရုံများ အဖြစ် တိုးမြှင့်မည် ဖြစ်ကာ ခရိုင်အဆင့် ဆေးရုံများကို ခုတင်-၂ဝဝ ဆံ့မှ ခုတင်-၃ဝဝ ဆံ့အထိ တိုးမြှင့်သွားမည် ဖြစ်ပြီး ၂၅ ခုတင်ဆံ့ မြို့နယ်အဆင့် ဆေးရုံများကို ခုတင်-၅ဝ ဆံ့အဖြစ် တိုးမြှင့် သွားရန် ပြည်ထောင်စု အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment