Pages

Thursday, September 3, 2015

ရန်ကုန်တောင်ပိုင်းခရိုင် အတွင်း ပြေးဆွဲယာဉ်လိုင်း များအား အုပ်စုဖွဲ့လုယက်မှု နှင့် ငွေညှစ်မှု ပိုမိုဖြစ်ပွားလာ



ရန်ကုန် ၊ ၃-၉-၂၀၁၅

ရန်ကုန် တောင်ပိုင်းခရိုင် ဒေသအတွင်း သန်လျင်- ရန်ကုန်၊ ရန်ကုန် ကျောက်တန်း ပြေးဆွဲနေသာ မော်တော်ယာဉ် လိုင်းများမှ မော်တော်ယာဉ် များအား အုပ်စုဖွဲ့ လုယက်မှုနှင့် ငွေညှစ်မှု များမှာ သြဂုတ်လ အတွင်း ပိုမိုဖြစ်ပွား လာကြောင်း တောင်ပိုင်း ခရိုင်အတွင်း ပြေးဆွဲနေသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် သြဂုတ်လ အတွင်း ပိုမိုဖြစ်ပွား လာခြင်းများ ကြောင့် ယင်းဒေသ အတွင်း ပြေးဆွဲ နေသော ယာဉ်မောင်း များသည် စိုးရိမ်မှုများဖြင့် မောင်းနှင်နေကြ ရကြောင်း၊ ဖြစ်ပွားမှု များသော နေရာများသည် သန်လျင်မြို့နယ် နတ်စင်တစ်ရာ မှတ်တိုင်နှင့် ကျိုက်အင်း မှတ်တိုင် အကြားတို့ ဖြစ်ကြောင်း၊ လုယက်သူ များသည် အများအားဖြင့် မော်တော်ယာဉ် နောက်လိုက်များ ထံမှ ဓားထောက် လုယက်ခြင်းများ ဖြစ်ပြီး နေ့စဉ် မောင်းနှင်ရခြင်း များကြောင့် အသက်အန္တရာယ် ရှိသဖြင့် သက်ဆိုင်ရာသို့ မတိုင်ရဲ ကြကြောင်း၊ ယင်းဖြစ်ရပ်များ ထပ်မံ မဖြစ်ပွား စေရေးအတွက် သက်ဆိုင်ရာမှ အရေးယူ ပေးစေ လိုကြောင်း သိရသည်။

လုယက်မှု ဖြစ်စဉ်များ ဖြစ်ပွားသော နေရာများသည် ယခင်က မည်သည့် မှုခင်း ဖြစ်စဉ်များ မရှိခဲ့ သော်လည်း ယခု နောက်ပိုင်းတွင် တခြားသော ဒေသများမှ ပြောင်းရွှေ့ လာရောက် နေထိုင်သူများ ထဲတွင် ဒုစရိုက်မှု ကျူးလွန်သူများ ပါဝင်လာကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment