Pages

Thursday, September 3, 2015

ရွှေကျောင်းကြီးမှ သစ်သားပန်းပုရုပ်များကို ဂျပန်နည်းပညာဖြင့်ထိန်းသိမ်းရန် စတင်စမ်းသပ်



မန္တလေး ၊ ၃-၉-၂၀၁၅

မန္တလေးမြို့ရှိ ရွှေကျောင်းကြီး ပြန်လည်ပြုပြင် ထိန်းသိမ်းရန် အတွက် ဂျပန်နိုင်ငံမှ နည်းပညာဖြင့် ပြုလုပ်သည့် သမင်ချိုမှ ရရှိသည့် ကော်နှင့် မြန်မာ့သစ်စေး များကို ပေါင်းစပ် အသုံးပြု စမ်းသပ် ထားကြောင်း ဂျပန်နိုင်ငံ Tsrumi University မှ သစ်စေးပညာရှင် Mr. Yoshihiko Yamashita က ယမန်နေ့ မန္တလေးမြို့ Jefferson Camter တွင် ပြုလုပ်ခဲ့သည့် ရွှေကျောင်းကြီး ပြန်လည် ထိန်းသိမ်းရေး အတွက် ဂျပန်နိုင်ငံမှ ပညာရှင်နှင့် တွေ့ဆုံပွဲ၌ ပြောကြား ခဲ့သည်။

''အဓိက အချက်ကတော့ သဘာဝ ပစ္စည်းကို သုံးမလား၊ လူလုပ်တဲ့ ပစ္စည်းကို သုံးမလားပေါ့၊ ဥရောပနဲ့ အမေရိကမှာတော့ လူလုပ်တဲ့ ပစ္စည်းကို အသုံးများပြီး ဂျပန်မှာတော့ သဘာဝပစ္စည်းတွေ အသုံးများ ပါတယ်၊ ဒါပေမဲ့ ရှေးဟောင်းပစ္စည်း တွေကို သဘာဝပစ္စည်း တွေနဲ့သုံးတာ ပိုကောင်းမယ်လို့ ထင်တာကြောင့်အခုလို သဘာဝပစ္စည်း တွေနဲ့စမ်းသပ် ရတာပါ ... ''ဟု Mr. Yoshihiko Yamashitaက ပြောသည်။ 

လက်ရှိစမ်းသပ်မှု အောင်မြင်ပါက ရွှေကျောင်းကြီး ပြန်လည်ပြုပြင်ရန် အတွက် မြန်မာနိုင်ငံတွင် ရရှိနိုင်သည့် ရိုးရာပစ္စည်းများ၊ တိရစ္ဆာန်များကို သတ်စရာ မလိုဘဲ ရရှိသည့်ပစ္စည်း များ (ဥပမာ-ကျွဲကော်၊ သမင်ချို)၊ ရေ၌ မပျော်ဝင် နိုင်သည့် ပစ္စည်းများကို သစ်စေးအဖြစ် ပေါင်းစပ် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေကျောင်းကြီး ပျက်စီးရသည့် အဓိက အကြောင်းရင်း များမှာ မိုးရေကြောင့် တိုင်များ ဆွေးခြင်း၊  နေရောင်မှဖြစ်သည့် ခရမ်းလွန် ရောင်ခြည် ဒဏ်ကြောင့် လျှောက်လမ်းများ ပျက်စီးခြင်း ၊ တိုင်လုံးများ ခြစားခြင်း အပြင် ရွှေကျောင်းကြီး သို့ လာရောက်သည့် ဧည့်သည်များမှ ထိခိုက်မိခြင်း တို့ကြောင့် ဖြစ်ကြောင်း ရွှေကျောင်းကြီး ပြန်လည် ပြုပြင် ထိန်းသိမ်းရေး စီမံကိန်းဒါရိုက်တာ Mr.Jeff Allen က ပြောပြသည်။

ရွှေကျောင်းကြီး ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကို အမေရိကန်နိုင်ငံ သံအမတ်များ ရန်ပုံငွေမှ  ဒေါ်လာငါးသိန်း အကုန်အကျခံကာ ကမ္ဘာ့ အမွေအနှစ်များ ထိန်းသိမ်းရေး ရန်ပုံငွေ(WMF မှ ပညာရှင်များက တာဝန်ယူ 
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment