Pages

Monday, September 7, 2015

ဆိပ်ကမ်းအင်ဂျင်နီယာ အထူးပြု ကျောင်းသား ကျောင်းသူ ၁ဝ ဦးအတွက် အမေရိကန် ဒေါ်လာ ၂ဝဝဝ ပေးအပ်


ရန်ကုန် ၊ ၇-၉-၂ဝ၁၅

မြန်မာ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း (MITT) မှ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးအား ယခုနှစ်အတွက် ပညာသင်ဆု အဖြစ် အမေရိကန် ဒေါ်လာ ၂ဝဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။

''MITT ဆိပ်ကမ်း အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူ တွေကို နှစ်စဉ် ပညာသင်ဆု ချီးမြှင့်ခဲ့တာ အခုဆိုရင် ၁ဝ ကြိမ်ရှိခဲ့ပါပြီ။ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ဦးအတွက် ပညာသင်ဆု ပေးအပ်ခဲ့ပြီး ပါပြီ။ ပညာသင်ဆု ပေးရုံမကဘဲ သုတေသန လုပ်ငန်းတွေ အတွက်လည်း ပံ့ပိုးငွေတွေ ပေးပါတယ်'' ဟု မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က ပြောသည်။

MITT မှ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ ရေကြောင်း သိပ္ပံဌာန၊ ရေကြောင်း စက်မှု အင်ဂျင်နီယာ ဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာ ဌာနများမှ ဆောင်ရွက်သည့် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၆၅ဝဝ ကိုလည်းကောင်း၊ ယခုနှစ် အတွက် ရေကြောင်းသိပ္ပံ ပညာဌာန၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ပညာဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာ ဌာနများမှ ဆောင်ရွက် ပြုလုပ်သွားမည့် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၅၅ဝဝ ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်၏ နှစ်စဉ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင်လည်း ဆိပ်ကမ်း အင်ဂျင်နီယာ အထူးပြု ဘာသာရပ် ပထမဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအား Hutchison Port Holding (Hong Kong) ၏ HPH ရွှေတံဆိပ်ဆုနှင့် အမေရိကန် ဒေါ်လာ ၁ဝဝဝ ကိုပေးအပ် ချီးမြှင့်လျက် ရှိရာ ယနေ့ အချိန်ထိ ၁ဝ ကြိမ်ပေးအပ် ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သုနန္ဒာ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment