Pages

Tuesday, September 8, 2015

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဒေသစရိတ် ခံစားခွင့်ရဒေသ များရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆေးတက္ကသိုလ်ဝင်ခွင့် ခေါ်ယူ


ရန်ကုန် ၊ ၈-၉-၂၀၁၅

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ခြောက်ခုနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ် ခံစားခွင့် ရရှိသော သွားလာရေးနှင့် လူမှုရေး ခက်ခဲသည့် ဒေသများမှ ၂ဝ၁၅ ခုနှစ် တက္ကသိုလ် ဝင်တန်းတွင် သိပ္ပံတွဲဖြင့် အောင်မြင်သူ များကို ကျန်းမာရေး ဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ဆေးတက္ကသိုလ် တို့၌ ၀င်ခွင့်လျှောက်လွှာ များ ခေါ်ယူနေကြောင်း သိရသည်။

လျှောက်ထား လိုသူများ အနေဖြင့် ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး အခြေခံပညာ အဋ္ဌမတန်း၊ နဝမတန်း နှင့် ဒသမတန်း တို့ကို သတ်မှတ်ထားသည့် ဒေသများတွင် ဆက်တိုက် ပညာသင်ကြား ခဲ့သူဖြစ်ရမည်။ လျှောက်ထားချိန် တွင်လည်း လျှောက်ထားသူ နှင့် မိဘနှစ်ပါး စလုံးသည် တည်ဆဲနိုင်ငံသား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသည့် နိုင်ငံသား ဖြစ်ရမည့်အပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့် ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသော ဒေသများတွင် အမြဲတမ်း နေထိုင်သူလည်း ဖြစ်ရမည်။

ဝင်ခွင့် လျှောက်ထားရာတွင် မြန်မာနိုင်ငံ စာစစ်အဖွဲ့မှ ထုတ်ပေးသော တက္ကသိုလ် စာမေးပွဲအောင် စာရင်းရမှတ် မူရင်းတစ်စောင်၊ အဆိုပါ ဒေသများ၌ သုံးနှစ်ဆက်တိုက် တက်ရောက် အောင်မြင်ခဲ့ကြောင်း သက်ဆိုင်ရာ အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ကြီး နှင့် မြို့နယ် ပညာရေးမှူး တို့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် အဆိုပါ ဒေသတွင် သုံးနှစ်ဆက်တိုက် နေထိုင်သူ ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင် များ၏ ထောက်ခံချက်၊ မိဘအုပ်ထိန်းသူ များ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ၊ လိုင်စင် ကာလာဓာတ်ပုံ နှစ်ပုံ၊ ဘွဲ့ရရှိပြီး ပါက မိမိဒေသ၌ ငါးနှစ်တာဝန် ထမ်းဆောင်ပါမည် ဟု ကတိပြု ဝန်ခံချက် တို့ဖြင့် ပူးတွဲ လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့် လျှောက်လွှာ များကို စက်တင်ဘာ ၉ ရက် နောက်ဆုံးထား၍ ဆေးဘက် ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် စီမံခန့်ခွဲရေး ဦးစီးဌာန ရုံးအမှတ်(၄) နေပြည်တော်သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment