Pages

Tuesday, September 15, 2015

မြန်မာနိုင်ငံ အစားစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အသင်းတင်သွင်းမှု ခွင့်ပြုဆာင်ရွက် ပေးလျက်ရှိ


ရန်ကုန် ၊ ၁၅-၉-၂၀၁၅

ပြည်ပမှ ပြည်တွင်းသို့ အသားများ တင်သွင်းနိုင်ရန် အတွက် မြန်မာနိုင်ငံ အသား စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး၊ အသား တင်သွင်းမှု များကို ခွင့်ပြု ဆောင်ရွက် ပေးလျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ အသားစိစစ်ရေး အဖွဲ့ကို မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်သူများ ပါဝင်ကာ
ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အသား တင်သွင်းခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားခြင်း ဖြစ်ပြီး၊ ပြည်ပမှ တင်သွင်းသည့် အသားများသည် စားသုံးရန် သင့်မသင့်၊ အာဟာရ ဓာတ် ရှိ-မရှိ နှင့် ရက်လွန် အသားများ ပြည်တွင်းသို့ မဝင်ရောက် နိုင်ရေး စသည်တို့ကို စိစစ်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်ပမှ အသားများ ပြည်တွင်းသို့ တင်သွင်းမှုကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် အသားတင်ပို့ ရောင်းချမှု ဆိုင်ရာ မူဝါဒများ ၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ချုပ်မှ ထုတ်ပြန် ထားသည့် မူဝါဒများ၊ အာဆီယံမှ သတ်မှတ် ထားသည့် သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ပြည်ပကနေ အသားတွေ တင်သွင်းတာကို လွတ်လွတ် လပ်လပ် ခွင့်ပြုပေး ထားတာမျိုး မဟုတ်ပါဘူး။ သေချာ စိစစ်ပြီးမှ ခွင့်ပြုပေး နေတာပါ။ တင်သွင်းတဲ့ အသားတွေ ထဲမှာမှ ကြက်သားကို တခြား အသားထက် ပိုပြီးစိစစ် ပေးပါတယ်။ မြန်မာနိုင်ငံ မှာက ကြက်သား စားသုံးမှု ရာခိုင်နှုန်း များတဲ့အတွက် ပိုစိစစ်ရတာပါ'' ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ခင်ဇော် က ပြောပြ၍ သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment