Pages

Friday, August 28, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ထိုင်းဘုရင့်လေတပ် Wing-6 သို့ရောက်ရှိ၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌအား ဂါရ၀ပြုနှုတ်ဆက်၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayut Chan-o-cha တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော
 မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) 
ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် တာဝန်ရှိသူများ က
 နေပြည်တော်လေဆိပ် တွင် ပို့ဆောင် နှုတ်ဆက်ကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့် ဒုတိယပူးတွဲ စစ်ဦးစီးအရာရှိချုပ် General Surapong Suwana-Adth နှင့် တာဝန်ရှိ သူများက ဗန်ကောက်မြို့ ၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြစဉ်

နေပြည်တော်၊ သြဂုတ်-၂၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် 3th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန်အတွက် သြဂုတ် ၂၇ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၀ နာရီတွင် ဘန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Wing-6 သို့ ရောက်ရှိကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့် ဒုတိယပူးတွဲစစ်ဦးစီးအရာရှိချုပ် General Surapong Suwana-Adth နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှ တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ လာရာ ထိုင်းအစိုးရအဖွဲ့ရုံးသို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိကြပြီး ထိုင်းဝန်ကြီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ နှုတ်ဆက်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် စစ်သံမှူးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့်အတူ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Warapong Sanganetra နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နေကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်များ၏ ချစ်ကြည် ရင်းနှီးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး HLC သည် (၃)ကြိမ်မြောက် ရှိလာပြီဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် TBC, RBC, HLC အစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များကို အိမ်နီးချင်း နိုင်ငံများကလည်း စိတ်ဝင်စား ကြကြောင်း၊ မြန်မာနိုင်ငံ၌ ဇွန် ၊ ဇူလိုင်နှင့် သြဂုတ်လ အတွင်း သဘာဝရေဘေး အန္တရာယ် ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ပြည်သူများ အတွက် ထိုင်းနိုင်ငံအစိုးရမှ ဘတ်ငွေ ၁၈ သန်းနှင့် ပစ္စည်းများပေးပို့ လှူဒါန်းခြင်း၊ ဆေးအကာအကွယ် ပေးရေးအဖွဲ့များ စေလွှတ်ပေးခြင်း များအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ သြဂုတ် ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားရခြင်း အတွက် ထိုင်းပြည်သူများ နှင့်အတူ အံ့သြတုန်လှုပ် စိတ်မကောင်း ဖြစ်ရကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ တည်ငြိမ်ရေး အတွက် အမြဲတမ်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် လက်ထက်တွင် နိုင်ငံတော် တည်ငြိမ်တိုးတက်မှု များအတွက် ချီးကျူးဂုဏ်ပြု ကြိုဆို ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် ထိုင်းဝန်ကြီးချုပ်က ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးလျက် ရှိကြောင်း၊ တစ်ဖက်နိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းများကို ထိုင်းနိုင်ငံမှ အားမပေးကြောင်း၊ မြန်မာနိုင်ငံ၏ ရေဘေးကိစ္စရပ် များအတွက် ထိုင်းအစိုးရအနေဖြင့် ၀မ်းနည်းရပါကြောင်း၊ မိမိတို့လည်း ရေဘေးအန္တရာယ် အတွေ့အကြုံ ရှိပြီးဖြစ်သည့် အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများသည် အရေးကြီးကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်သည် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တွင် စက်မှုဇုန်များ ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဖက်မှ အဆင်သင့်ဖြစ်နေပြီး မကြာမီ မြန်မာနိုင်ငံ ဖက်ခြမ်းတွင် ဖွင့်လှစ်နိုင်ရေး အတွက်ကိုလည်း မျှော်လင့်ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ အတွက်ကိုလည်း နှစ်နိုင်ငံ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် General Prayut Chan-o-cha တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayut Chan-o-cha တို့ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ General Prem Tinsulanonda အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒေသစံတော်ချိန် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ General Prem Tinsulanonda အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၎င်း၏နေအိမ်၌ သွားရောက် ဂါရ၀ပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် စစ်သံမှူးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ နှင့်အတူ နှစ်နိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မိမိလျှောက်လှမ်း နေသည့် ဒီမိုကရေစီ လမ်းကြောင်းနှင့် ပတ်သက်ပြီး မိမိနှင့် ကိုက်ညီသော လမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း တည်ဆောက်နိုင်ရေး ကိစ္စရပ်များ၊ သဘာဝ ဘေးအန္တရာယ် ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့် ပြည်သူများမှ ပူးပေါင်းလက်တွဲ ဖြေရှင်းနိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံတော်နှင့် တပ်မတော်နှစ်ရပ် ဆက်ဆံရေး ကိစ္စရပ်များကို ချစ်ကြည် ရင်းနှီးစွာဖြင့် တိုးမြှင့် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဒေသစံတော်ချိန် ည ၇ နာရီတွင် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးဝင်းမောင် ၊ မြန်မာစစ်သံ( ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ ၊ သံရုံး၊ စစ်သံရုံးမိသားစု များနှင့် ပညာတော်သင် မြန်မာကျောင်းသား များက ကြိုဆိုနှုတ်ဆက် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်သံရုံးမိသားစုများ အတွက် လက်ဆောင်ပစ္စည်း ပေးအပ်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေက လက်ခံရယူစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် မြန်မာကျောင်းသားများ အတွက် လက်ဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ပညာသင် ချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး ၊ စစ်သံမှူးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အား သံရုံးနှင့် စစ်သံရုံး မိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)



#Themyawadydaily

No comments:

Post a Comment