Pages

Friday, August 21, 2015

ဧရာဝတီလင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် Wildlife Conservation Society မှ အကြံပေးအဖွဲ့ လာရောက်မည်



ရန်ကုန် ၊ ၂၁-၈-၂၀၁၅

ဧရာဝတီလင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် Wildlife Conservation Society မှ အကြံပေးအဖွဲ့ လာရောက်မည် ဖြစ်ကြောင်း ဧရာဝတီ လင်းပိုင် စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်း က ပြောသည်။

လက်ရှိတွင် လင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်းအား ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှစ၍ ငါးလုပ်ငန်း ဦးစီးဌာနနှင့် Wildlife Conservation Society တို့ ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။

''အကြံပေးအဖွဲ့ အနေနဲ့ နှစ်ရက်လောက် လေ့လာမှုတွေ လုပ်ပါမယ်။ ကျေးရွာတွေကို လေ့လာပြီး ဒေသခံ တွေနဲ့တွေ့မယ် '' ဟု ၄င်းက ပြောသည်။

အဆိုပါ လင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်လာ ခြင်းကြောင့် မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက် လာနိုင်ပြီး လင်းပိုင်များ ကိုလည်း ဒေသခံများမှ ထိန်းသိမ်း စောင့်ရှောက်ရန် အသိများ ဝင်လာနိုင်ကာ လင်းပိုင် အကူအညီ ဖြင့် ငါးဖမ်းခြင်း ပညာလည်း ထိန်းသိမ်း ပြီးသား ဖြစ်နိုင်သည်။

''ဒီ လင်းပိုင် အခြေပြု ခရီးသွားလုပ်ငန်း က တစ်နှစ်ကို ခရီးသွား ၇ဝဝ နဲ့ ၁ဝဝဝ ကြားမှာ အနည်းဆုံးရှိ ပါတယ်။ လင်းပိုင် ကြည့်ဖို့ သီးသန့် သွားတဲ့အဖွဲ့ တွေပေါ့။ ဒီအတိုင်းပုံမှန် သွားနေတာ တွေလည်း ရှိပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။

မန္တလေး- ကျောက်မြောင်း ထိန်းသိမ်းရေး ဧရိယာအတွင်း ဇူလိုင်လကုန် အထိ ဧရာဝတီလင်းပိုင် ၂၄ ကောင်ကို တွေ့ရပြီး မန္တလေး- ဗန်းမော်၌ ယခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းအရ ဧရာဝတီ လင်းပိုင် ၅၈ ကောင် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment