Pages

Friday, August 21, 2015

တရုတ်နိုင်ငံက တာဝေးပစ် ဒုံးကျည်များ ထုတ်ဖော်ပြသ


ကီလိုမီတာ ၁ဝဝ (၆၂ မိုင်) အထိ ပစ်ခတ်နိုင်ပြီး Beidou အမည်ရှိ တရုတ်ဒုံးကျည်

ပေကျင်း ၊ ၂၁-၈-၂၀၁၅

တရုတ်နိုင်ငံသည် ဂျပန်နှင့် အမေရိကန် နိုင်ငံတို့အား အင်အားပြသရန် နှင့် တရုတ် ပြည်သူများ အထင်ကြီး လေးစားစေရန် ရည်ရွယ်၍ နောက်ဆုံးပေါ် တာဝေးပစ် ဒုံးကျည်များအား နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ဖော်ပြသ မှုအား တရုတ်နိုင်ငံ အရှေ့ပိုင်း ကျိကျန်းမြို့ရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်ဘက် တပ်ဖွဲ့တစ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျိနန်းမြို့ရှိ အမြောက် တပ်မဟာသည် မြေပြန့်များ၊ တောင်ပေါ်ဒေသ များနှင့် ကမ်းရိုးတန်း ဒေသများ အပါအဝင် ရေပြင်နှင့် မြေပြင်တို့အား ပစ်ခတ်နိုင်စွမ်း ရှိသော ဒုံးကျည်များ တပ်ဆင် ထားကြောင်းနှင့် အဆိုပါ ဒုံးကျည်သည် ညအချိန်နှင့် ဆိုးဝါးသော ရာသီဥတု အခြေအနေ များ၌ပင် တပ်ဖြန့်ချထား နိုင်ပြီး မြူများ၊ နှင်းများနှင့် မိုးရေ များကိုဖြတ်၍ သတ်မှတ်  လမ်းကြောင်း အတိုင်း ပစ်ခတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၁ဝဝ (၆၂ မိုင်) အထိ ပစ်ခတ်နိုင်ပြီး Beidou အမည်ရှိ တရုတ် GPS စနစ် တစ်ခုအား အသုံးပြု ထားကြောင်းနှင့် ဒုံးကျည် ပစ်လွှတ်မှု မစတင်မီ အမှတ်အသား များနှင့် ပစ်မှတ် ဧရိယာများ ပြုလုပ်ရေး တို့အတွက် မောင်းသူမဲ့ လေယာဉ် တစ်စင်းအား တပ်ဖြန့် ချထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment