Pages

Monday, August 31, 2015

နိုင်ငံသားအမြဲတမ်း နေထိုင်ခွင့် (PR) စနစ် သက်တမ်းငါးနှစ် သတ်မှတ်ထားပြီး သက်တမ်းကုန်လွန်ပါက တစ်နှစ်စီ ထပ်မံပေးအပ်သွားမည်


ရန်ကုန် ၊ ၃၁-၈-၂၀၁၅

မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (PR) စနစ်ကို သက်တမ်းငါးနှစ် သတ်မှတ်ထားပြီး သက်တမ်း ကုန်လွန်ပါက နေထိုင်ခွင့်အား တစ်နှစ်စီထပ်မံ ပေးအပ် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် ရန်ကုန် ဌာနစိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဒုတိယ အသုတ်တွင် လျှောက်ထားသူ ၅ဝ ကျော်အား ထပ်မံ ခွင့်ပြုသွားရန် စီစဉ်လျက် ရှိပြီး ၄င်းတို့အား နေပြည်တော်၌ လူတွေ့ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟို ကော်မတီမှ စိစစ်ပြီး ဖြစ်ရာ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက် ရရှိပါက နေထိုင်ခွင့် ကတ်များ ထုတ်ပေး သွားမည် ဖြစ်သည်။

နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ် လျှောက်ထားသူ များအား ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် ဘုတ်အဖွဲ့မှ အမှတ်ပေး စနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို ရယူပြီး မှသာ မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ်အား စတင်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် စနစ်တွင် တစ်နှစ်အတွက် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝဝ နှင့် မြန်မာနိုင်ငံ သားဟောင်း တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅ဝဝ ဖြင့် ခွင့်ပြုမည် ဖြစ်သည်။

လျှောက်ထားသူနှင့် တစ်ပါတည်း အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားသည့် အသက် ခုနစ်နှစ် အထက်မှ ၁၈ နှစ်အထိ ၄င်းတို့၏ တရားဝင် သားသမီး တစ်ဦးစီ အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ကောက်ခံ သွားမည်ဖြစ်ရာ ခုနစ်နှစ် အောက် ကလေးငယ် များကို အခမဲ့ နေထိုင် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment