Pages

Monday, August 31, 2015

ပုဂံ တန်ခိုးကြီးဘုရားများ လုံခြုံမှုရှိစေရန် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ကာကွယ် ထိန်းသိမ်းထား


ညောင်ဦး ၊ ၃၁-၈-၂ဝ၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ဝင်ရောက် နိုင်ရန် ကြိုးစားနေခြင်း နှင့်အတူ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှ တန်ခိုးကြီး ဘုရားများ လုံခြုံမှု ရှိစေရန် အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ကာကွယ် ထိန်းသိမ်း နေကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စွယ်တော် လေးဆူ ဖြစ်သည့် အာနန္ဒာ ဘုရား၊ ရွှေစည်းခုံ ဘုရား၊ လောကနန္ဒာ ဘုရားနှင့် တုရင်းတောင် ဘုရားတို့၌ အဆင့်မြင့် နည်းပညာသုံး လုံခြုံရေး ပစ္စည်းများ တပ်ဆင် အသုံးပြု နေပြီး ယင်းသို့ တပ်ဆင် အသုံးပြုရာတွင် ကြိုးမဲ့စနစ် များကို အသုံးပြုခြင်းမျိုး မဟုတ်ဘဲ ပိုမိုလုံခြုံမှု ရှိစေရန် ကြိုးလိုင်းများ ပြေးဆွဲပြီး အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မတ်လ အတွင်းက ပုဂံ ယဉ်ကျေးမှု နယ်မြေရှိ တန်ခိုးကြီး ဘုရားများ ဖြစ်သည့် ထီးလိုမင်းလို ဘုရားနှင့် အာနန္ဒာ ဘုရားတို့၏ အလှူခံပုံး များကို ၁ဝ ရက်အတွင်း ဖောက်ထွင်းခံ ခဲ့ရသည့် အချိန်မှစ၍ ယခုကဲ့သို့ အဆင့်မြင့် နည်းပညာများ တပ်ဆင် အသုံးပြု လာခြင်း ဖြစ်သည်။

ဘုရားပိတ်သည့် အချိန်တွင် ကျော်ဖြတ် မိလျှင် အချက်ပေးသံ မြည်လာမည့် လေဆာတန်းများ တပ်ဆင်ခြင်း၊ လှုပ်ရှားမှု ပုံရိပ်များကို ဖမ်းနိုင်သည့် အဆင့်မြင့် ကင်မရာများ တပ်ဆင်ခြင်း နှင့် အရေးပေါ် ချိတ်ဆက်မှု အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ ဖုန်းများတွင် လည်း အချက်ပေး ကိရိယာများ တပ်ဆင် ထားကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment