Pages

Wednesday, August 26, 2015

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ မှတ်တမ်း အထောက်အထား ကောက်ယူရာတွင် ငွေကြေး ကောက်ခံပါက အရေးယူသွားမည်


ရန်ကုန် ၊ ၂၆-၈-၂၀၁၅

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အတွက် မှတ်တမ်း အထောက် အထားများ ကောက်ယူရာတွင် ငွေကြေး ကောက်ခံလာပါက အရေးယူ သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ များနှင့် ရွှေ့ပြောင်း လုပ်သားဌာနခွဲ၊ ဖုန်း ဝ၆၇ ၄၃ဝ၁၈၃ သို့ တိုင်ကြား နိုင်ကြောင်း အဆိုပါ ရွှေ့ပြောင်း အလုပ်သမား ဌာနခွဲ၊ နှင့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူများ၏ မိသားစုများ ထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ် နေကြသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အတွက် မှတ်တမ်း အထောက်အထား ကောက်ယူမှုကို အခမဲ့ လုပ်ဆောင်ပေး နေခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ငွေကြေး ကောက်ခံမှုများ ပြုလုပ်လာပါက သက်ဆိုင်ရာ ကာယကံရှင်များ အနေဖြင့် နစ်နာမှု မဖြစ်စေရန် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများ အတွက် မှတ်တမ်း အထောက် အထား များ ကောက်ယူမှုကို မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ မဟာချိုင်၊ စမွတ်ပရာဂန် ဟူသည့် ကြီးကြပ် ကွပ်ကဲရေး အဖွဲ့နေရာ ငါးနေရာမှ အဖွဲ့ ၂၁ ဖွဲ့ခွဲပြီး ကောက်ယူမည် ဖြစ်သည်။

ထိုသို့ ကောက်ယူရာတွင် ပြည်တွင်းမှ ပြည်ပ အလုပ်အကိုင် အေဂျင်စီ (Moeaf) အပါအဝင် ထိုင်းနိုင်ငံ သံရုံးမှ ရွေးချယ်ထားသည့် ထိုင်းနိုင်ငံတွင် လူမှုအဖွဲ့အစည်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် နေသည့် မြန်မာနိုင်ငံသား များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

#Yadanarpondaily

No comments:

Post a Comment