Pages

Friday, August 28, 2015

သတ်မှတ်ကာလ မပြည့်မီ မြန်မာလုပ်သားများ ထွက်ပြေးလျှင် ပို့ဆောင်ပေး ခဲ့သည့် မြန်မာနိုင်ငံမှ ၀န်ဆောင်မှု ကုမ္ပဏီကို ဂျပန်ဘက်က လျော်ကြေးတောင်းလာ


ရန်ကုန် ၊ ၂၈-၈-၂၀၁၅

ယခုအခါ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ များသို့ အလုပ် သွားရောက် လုပ်ကိုင်မှုများ တိုးတက် များပြားလာခဲ့ရာ ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ များသို့ သွားရောက် လုပ်ကိုင်မှု များလည်း ရှိလာခဲ့သည်။ ထိုသို့ ဂျပန်နိုင်ငံ စက်ရုံ
အလုပ်ရုံများသို့ သွားရောက် လုပ်ကိုင်ကြ ရာတွင် ပြည်တွင်းရှိ အလုပ်အကိုင် အေဂျင်စီ များနှင့် ဆက်သွယ် သွားရောက်မှုမှာ အများဆုံး ဖြစ်သည်။ ထိုသို့ ပြည်တွင်းမှ အလုပ်အကိုင် အေဂျင်စီ များနှင့် ဆက်သွယ်ပြီး ဂျပန်နိုင်ငံ သို့ သွားရောက် လုပ်ကိုင် နေကြသည့် အလုပ်သမားများ အနေဖြင့် ဂျပန်နိုင်ငံရှိ စက်ရုံအလုပ်ရုံ များတွင် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် သတ်မှတ်ကာလ အတွင်း လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ ပါက ပေးပို့ခဲ့သည့် မြန်မာနိုင်ငံမှ အလုပ်အကိုင် အေဂျင်စီ များကို လျော်ကြေးငွေ ငါးဆထိ ပေးလျော်ရန် ဂျပန်ကုမ္ပဏီ များက တောင်းဆိုမှုများ ရှိလာနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ စက်ရုံ၊အလုပ်ရုံ များသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အချို့သော မြန်မာ အလုပ်သမား များမှာ သတ်မှတ်ကာလ မပြည့်မီ လုပ်ငန်းခွင်မှ ထွက်ပြေးသွား ခဲ့ကြသည်။ ထိုသို့ လုပ်ငန်းခွင် များမှ ထွက်ပြေး သွားခဲ့သည့် အလုပ်သမား များမှာ ရာခိုင်နှုန်း သုံးဆယ်ခန့်ထိ ရှိနေသည်ဟု သိရသည်။ ဂျပန်နိုင်ငံကလည်း မြန်မာ အလုပ်သမား ခေါ်ယူမှုများ တဖြည်းဖြည်း နည်းပါး လာခဲ့ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် သတင်းများ အရ သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ်

#Yadanarpondaily

No comments:

Post a Comment