Pages

Friday, August 28, 2015

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားများကို တရားဝင် ပို့ဆောင်ပေးနေသည့် နိုင်ငံ ၆ နိုင်ငံရှိ


ရန်ကုန် ၊ ၂၈-၈-၂၀၁၅

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ရန် အလုပ်သမား များကို တရားဝင် ပို့ဆောင်ပေး နေသည့် ပြည်ပနိုင်ငံ ခြောက်နိုင်ငံ ရှိကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် သတင်းများ အရ သိရသည်။

မြန်မာနိုင်ငံ အလုပ်သမားများ တရားဝင် ပို့ပေးနေသည့် နိုင်ငံများ မှာ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ မကာအို နိုင်ငံနှင့် ယူအေအီး နိုင်ငံတို့ ဖြစ်သည်။ 

ယခုနှစ်တွင် အဆိုပါ နိုင်ငံများသို့ တရားဝင် သွားရောက် အလုပ်လုပ်ရန် အတွက် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့ ခွင့်ပြုလက်မှတ် လာရောက် လျှောက်ထားသူ အရေအတွက် မှာ ထိုင်းနိုင်ငံသို့ ၄၄၃၅၅ ဦး၊ မလေးရှား နိုင်ငံသို့ ၂၇ဝဝ၈ ဦး၊ ဂျပန်နိုင်ငံသို့ ၂၃၃၂ ဦး၊ စင်ကာပူ နိုင်ငံသို့ ၅၉၁ ဦး၊ မကာအို နိုင်ငံသို့ ၁၅ ဦး၊ ယူအေအီး သို့ ဦးရေ ၃၂ဝ ရှိနေကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းများ အရ သိရသည်။

အဆိုပါ စာရင်းများ အရ ပြည်ပနိုင်ငံ များသို့ တရားဝင် သွားရောက် လုပ်ကိုင် နေကြသည့် အလုပ်သမား အရေအတွက်မှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့ သွားရောက် လုပ်ကိုင်သူ အများဆုံး ဖြစ်သည်။ ယခုနှစ်တွင် မလေးရှား နိုင်ငံမှ မြန်မာ အလုပ်သမား ခေါ်ယူမှုများ မြင့်တက်လာ နေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် သတင်းများ အရ သိရသည်။

မလေးရှား နိုင်ငံမှ ပြည်ပ အလုပ်သမားများ ခေါ်ယူရာတွင် နီပေါနှင့် မြန်မာ အလုပ်သမား များကို အများဆုံး ခေါ်ယူနေခြင်း ဖြစ်သော်လည်း လက်ရှိတွင် နီပေါနိုင်ငံမှ ငလျင်ဘေး ဒဏ်ကြောင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် နေရသဖြင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများ နည်းပါး နေသည်။ ထို့ကြောင့် မလေးရှားနိုင်ငံ အနေဖြင့် မြန်မာ အလုပ်သမား များကို တိုးမြှင့် ခေါ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ်

#Yadanarpondaily

No comments:

Post a Comment