Pages

Monday, August 24, 2015

လစ်ဗျားကမ်းလွန်၌ သင်္ဘော ၁၈ စင်းပေါ်မှ ရွှေ့ပြောင်းနေထိုင်သူ ၄၀၀၀ ခန့်ကို အီတလီကမ်းခြေစောင့် တပ်ဖွဲ့ကယ်ဆယ်


Migrants crisis: More than 4,000 people rescued near Libya coast

ရောမ ၊ ၂၄-၈-၂၀၁၅

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့သည် လစ်ဗျား ကမ်းလွန်ရှိ ရွှေ့ပြောင်း နေထိုင်သူ အမြောက်အမြား သယ်ဆောင် လာသော သင်္ဘော ၁၈ စင်းထံမှ အရေးပေါ် ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံ ရရှိခဲ့ပြီးနောက် ၄င်း သင်္ဘောများ ပေါ်မှ ရွှေ့ပြောင်း နေထိုင်သူ ၄ဝဝဝ ခန့်ကို ကယ်ဆယ် နိုင်ခဲ့သည်။

ခန့်မှန်းခြေ အားဖြင့် ရွှေ့ပြောင်း နေထိုင်သူ ၃ဝဝဝ နှင့် ၄ဝဝဝ နီးပါးခန့်ကို သယ်ဆောင် လာသော ၄င်းသင်္ဘောများ ပေါ်မှ ရွှေ့ပြောင်း နေထိုင်သူ များကို ကယ်ဆယ် ခဲ့သည့် အဆိုပါ လုပ်ဆောင်ချက် တွင် အီတလီနိုင်ငံမှ သင်္ဘော ခြောက်စင်း နှင့် နော်ဝေနိုင်ငံမှ သင်္ဘောတစ်စင်း တို့ ပါဝင်ကြောင်း သိရသည်။

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့သည် အာဖရိက အရှေ့ အလယ်ပိုင်းနှင့် တောင်အာရှ နိုင်ငံတို့မှ ရွှေ့ပြောင်း နေထိုင်သူ ၁ဝ၄ဝဝဝ ကျော်ကို မြေထဲပင်လယ်မှ ကယ်ဆယ်ခဲ့ ပြီးနောက် ၄င်း နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ များ၌ နေရာချ ထားလျက် ရှိသည်။

ထို့အပြင် အခြားရွှေ့ပြောင်း နေထိုင်သူ ၁၃၅ဝဝဝ ခန့်မှာ ဂရိနိုင်ငံ၌ နေထိုင်လျက် ရှိပြီး အချို့ ၂၃ဝဝ ခန့်မှာ မှောင်ခိုကူးသူ များ၏ အကူအညီဖြင့် ဥရောပသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းစဉ် အတွင်း သေဆုံး ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

#Themyawadydaily

No comments:

Post a Comment